-
စာအုပ်အမည်: Dragon Ball Super, Vol. 20
-
ဇာတ်လမ်းအိမ် (Story): Akira Toriyama
-
ပန်းချီ (Art): Toyotarou
-
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့်နှစ်: ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (February 6, 2024)
-
ထုတ်ဝေသူ: VIZ Media
Dragon Ball Super Vol.20 English Version Manga
Dragon Ball Super Vol. 20 ဟာဆိုရင် တစ်ကမ္ဘာလုံးက Dragon Ball ပရိသတ်တွေကို အံ့အားသင့်တုန်လှုပ်စေခဲ့တဲ့ အခန်းကဏ္ဍတွေ ပါဝင်လို့နေပါတယ်။ ဒီအတွဲဟာ “Granolah Arc” ရဲ့ ဇာတ်သိမ်းပိုင်းဖြစ်ရုံတင်မကဘဲ၊ စကြဝဠာရဲ့ အင်အားကြီးမျှခြေကို တစ်ဆစ်ချိုး ပြောင်းလဲပစ်လိုက်တဲ့ Black Frieza ရဲ့ ပေါ်ထွက်လာမှုကို မြင်တွေ့ရမယ့် သမိုင်းဝင်အတွဲလည်း ဖြစ်ပါတယ်။
ပန်းချီဆရာ Toyotarou က အားကောင်းမောင်းသန် တိုက်ကွက်တွေနဲ့အတူ၊ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းကို မမျှော်လင့်ထားတဲ့ပုံစံနဲ့ အဆုံးသတ်ပြသွားတာကြောင့် စာဖတ်သူတွေအတွက်တော့ အလွန်တန်ဖိုးရှိတဲ့ စုဆောင်းမှုတစ်ခု ဖြစ်မှာပါ။
Gas ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေကြောင့် Goku နဲ့ Vegeta တို့ဟာ အစွမ်းကုန် ရုန်းကန်နေရပါတယ်။ တိုက်ပွဲက အဆုံးအဖြတ်ပေးရမယ့် အချိန်မှာပဲ မထင်မှတ်ထားတဲ့ ဧည့်သည်တော်ကြီး Frieza က Cereal ဂြိုဟ်ပေါ်ကို ဆိုက်ရောက်လာပါတယ်။ သူဟာ “Hyperbolic Time Chamber” ထဲမှာ နှစ်ပေါင်းများစွာစာ တူညီတဲ့ လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပြီးနောက် ရရှိလာတဲ့ အသွင်သစ် Black Frieza နဲ့ Gas ကို စက္ကန့်ပိုင်းအတွင်း အပြတ်ရှင်းပြသွားပါတယ်။ ထူးခြားတာက Goku ရဲ့ Ultra Instinct နဲ့ Vegeta ရဲ့ Ultra Ego နှစ်ယောက်ပေါင်းတာတောင် Black Frieza ရဲ့ လက်တစ်ချက်စာ အင်အားကို မယှဉ်နိုင်ဘဲ အလဲလဲအပြိုပြို ဖြစ်သွားပုံက ပရိသတ်တွေကို အံ့သြမှင်သက်စေမှာပါ။
18,500 Ks
Book Details
| color | Black & White |
|---|---|
| Size | A5 |





Reviews
There are no reviews yet.