စာအုပ်အမည်: Jujutsu Kaisen
စာရေးသူများ: Gege Akutami
ထုတ်ဝေသည့်နှစ်: 2025 (English Edition)
ထုတ်ဝေသူ: VIZ Media
ဇာတ်လမ်းလေးကတော့ ပုံမှန်ထက် ကြံ့ခိုင်တဲ့ ကိုယ်ကာယအစွမ်းကို ပိုင်ဆိုင်ထားတဲ့ အထက်တန်းကျောင်းသားလေး Yuji Itadori ဆီကနေ စတင်ပါတယ်။ တစ်နေ့မှာတော့ သူဟာ သူ့ရဲ့သူငယ်ချင်းတွေကို ကာကွယ်ဖို့အတွက် “ကျိန်စာတွေရဲ့ဘုရင်” လို့ သတ်မှတ်ခံထားရတဲ့ Ryomen Sukuna ရဲ့ အစွမ်းထက် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “ခြောက်ကပ်နေတဲ့ လက်ချောင်းကြီး” ကို မဖြစ်မနေ မျိုချလိုက်ပါတော့တယ်။
ထူးဆန်းတာက Yuji ဟာ Sukuna ရဲ့ စိတ္တဇနာမ်ကို သူ့ခန္ဓာကိုယ်ထဲမှာ ထိန်းချုပ်ထားနိုင်တဲ့ ရှားပါး”လက္ခံကောင်” (Vessel) ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ Jujutsu (မန္တန်ဆရာများ) လောကရဲ့ စည်းမျဉ်းအရ သူဟာ သေဒဏ်ပေးခံရမယ့်အခြေအနေနဲ့ ရင်ဆိုင်ရပါတယ်။ အဲ့ဒီအချိန်မှာ ကမ္ဘာ့အသန်မာဆုံး မန္တန်ဆရာကြီး Satoru Gojo က ကြားဝင်ပေးခဲ့ပြီး Yuji ကို သေဒဏ်ဆိုင်းငံ့ပေးကာ မန္တန်ကျောင်းတော်ကို ခေါ်ဆောင်ခဲ့ပါတယ်။ Yuji ရဲ့ ကံကြမ္မာကတော့ ရှင်းပါတယ်— “Sukuna ရဲ့ လက်ချောင်းတွေအကုန်လုံးကို လိုက်လံရှာဖွေမျိုချပြီးမှ Sukuna နဲ့အတူ အသေခံရမှာပါ”။ ဒီလိုနဲ့ အန္တရာယ်များလှတဲ့ ကျိန်စာတိုက်ဖျက်ရေး စွန့်စားခန်းကြီး စတင်ပါတော့တယ်။
ပြင်းထန်ပြီး ပါးနပ်သော တိုက်ပွဲများ: တိုက်ပွဲတွေဟာ အင်အားကြီးရုံတင်မကဘဲ စာရေးသူ Gege Akutami တည်ဆောက်ထားတဲ့ “Cursed Energy” (ကျိန်စာစွမ်းအင်) နဲ့ “Domain Expansion” (နယ်ပယ်ချဲ့ထွင်ခြင်း) ဆိုတဲ့ စနစ်တကျရှိလှတဲ့ စွမ်းအားတွေကို ဉာဏ်ဆင်ကစားပြီး တိုက်ခိုက်ကြတာမို့ ဖတ်ရတာ အရမ်းကို အားရဖို့ကောင်းပါတယ်။
ဆွဲဆောင်မှုရှိသော ဇာတ်ကောင်များ: ဇာတ်လိုက် Yuji အပြင်၊ လျှို့ဝှက်ချက်များတဲ့ Megumi၊ သတ္တိခဲမလေး Nobara နဲ့ အထူးသဖြင့် မျက်လုံးစည်းထားပြီး အလွန်အမင်း အစွမ်းထက်လွန်းလို့ ကမ္ဘာကျော်သွားတဲ့ Satoru Gojo စတဲ့ ဇာတ်ကောင်တွေရဲ့ စရိုက်က စာဖတ်သူကို အစွဲအလမ်းကြီး စွဲလန်းသွားစေပါတယ်။
ခန့်မှန်းရခက်သော ဇာတ်ကွက် (No Plot Armor): ဒီဇာတ်လမ်းထဲမှာ မည်သည့်ဇာတ်ကောင်မဆို အချိန်မရွေး သေဆုံးသွားနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပုံမှန် Shonen တွေလို မဟုတ်ဘဲ ရင်တထိတ်ထိတ်နဲ့ ဖတ်ရမှာပါ။
အမှောင်ခြမ်းနှင့် ဟာသ မျှတမှု: ဇာတ်လမ်းက လူသားတွေရဲ့ အမုန်းတရားကနေ ပေါက်ဖွားလာတဲ့ ကျိန်စာတွေအကြောင်းမို့ မှောင်မိုက်ထိတ်လန့်စရာ ကောင်းသလို၊ ဇာတ်ကောင်တွေရဲ့ ပေါ့ပျက်ပျက် ဟာသလေးတွေလည်း ပါဝင်လို့ ဖတ်ရတာ ပျင်းစရာမရှိပါဘူး။
19,500 Ks
80 in stock
စာအုပ်အမည်: Jujutsu Kaisen
စာရေးသူများ: Gege Akutami
ထုတ်ဝေသည့်နှစ်: 2025 (English Edition)
ထုတ်ဝေသူ: VIZ Media
Reviews
There are no reviews yet.