စာအုပ်၏ အချက်အလက်များ
စာအုပ်အမည်: Finding George Orwell in Burma
စာရေးသူ: Emma Larkin
ထုတ်ဝေသည့်နှစ်: 2005
ထုတ်ဝေသူ: Penguin Press
ကမ္ဘာကျော်စာရေးဆရာကြီး George Orwell ရဲ့ ခြေရာတွေကို မြန်မာပြည်အနှံ့ လိုက်လံရှာဖွေရင်း မြန်မာ့နိုင်ငံရေးနဲ့ လူမှုဘဝတွေကို ထိုးထွင်းသိမြင်စေမယ့် “Finding George Orwell in Burma” စာအုပ်အကြောင်းကို အောက်ပါအတိုင်း တင်ဆက်ပေးလိုက်ပါတယ်။
ဒီစာအုပ်ဟာ သမားရိုးကျ ခရီးသွားမှတ်တမ်းတစ်ခု မဟုတ်ပါဘူး။ စာရေးသူ Emma Larkin ဟာ George Orwell မြန်မာပြည်မှာ ပုလိပ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က နေထိုင်ခဲ့တဲ့ မန္တလေး၊ မော်လမြိုင်၊ ကသာ စတဲ့ မြို့တွေကို လိုက်လံလေ့လာရင်း မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အခြေအနေတွေကို Orwell ရဲ့ နာမည်ကြီးစာအုပ်တွေဖြစ်တဲ့ Burmese Days၊ Animal Farm နဲ့ 1984 တို့နဲ့ နှိုင်းယှဉ်ပြထားတာ ဖြစ်ပါတယ်။
မြန်မာလူထုကြားမှာ George Orwell ကို “ဗေဒင်ဆရာကြီး” လို့ တင်စားခေါ်ဝေါ်ကြပုံ (သူ့ရဲ့စာအုပ်တွေဟာ မြန်မာ့ကံကြမ္မာကို ကြိုတင်ဟောကိန်းထုတ်ခဲ့သလို ဖြစ်နေတာကြောင့်) ကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။ စစ်အာဏာရှင်စနစ်အောက်က ဖိနှိပ်မှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ အမှန်တရားကို ဖုံးကွယ်ထားရတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝကို Orwellian အမြင်နဲ့ ရေးဖွဲ့ထားတဲ့အတွက် မြန်မာပြည်အကြောင်း စိတ်ဝင်စားသူတိုင်း မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
15,500 Ks
| color | Black & White |
|---|---|
| Size | A5 |
စာအုပ်အမည်: Finding George Orwell in Burma
စာရေးသူ: Emma Larkin
ထုတ်ဝေသည့်နှစ်: 2005
ထုတ်ဝေသူ: Penguin Press
Reviews
There are no reviews yet.