စာအုပ်အချက်အလက်များ
- စာအုပ်အမည်: Danny, the Champion of the World
- စာရေးသူ: Roald Dahl
- ထုတ်ဝေသည့်နှစ်: ၁၉၇၅ ခုနှစ်
ဇာတ်လမ်းလေးကတော့ အင်္ဂလန်နိုင်ငံ ကျေးလက်တောရွာလေးတစ်ခုက ဓာတ်ဆီဆိုင်လေးမှာ ဖခင်ဖြစ်သူနဲ့အတူ “ဂျစ်ပစီလှည်းအိမ်” လေးထဲမှာ နေထိုင်တဲ့ Danny ဆိုတဲ့ ကောင်လေးအကြောင်းပါ။ Danny ရဲ့ အမေဟာ သူငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့တာမို့ သူ့အတွက်တော့ ဖခင်ဖြစ်သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အံ့ဩစရာအကောင်းဆုံး လူသားတစ်ယောက် ဖြစ်ပါတယ်။
တစ်ညမှာတော့ Danny ဟာ သူ့ဖခင်ဆီကနေ လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရပါတယ်။ အဲ့ဒါကတော့ သူ့အဖေဟာ ချမ်းသာပြီး စိတ်ပုပ်တဲ့ မြေရှင်ကြီး Victor Hazell ရဲ့ တောအုပ်ထဲမှာ တောရိုင်းကြက် (Pheasants) တွေကို တိတ်တဆိတ် ခိုးဖမ်းလေ့ရှိတဲ့ “Poacher” တစ်ယောက် ဖြစ်နေတာပါပဲ။
မြေရှင်ကြီး Victor Hazell က သူ့ရဲ့ တောရိုင်းကြက်ပစ်ပွဲ (Shooting Party) မှာ နာမည်ကြီးချင်လို့ ကြက်တွေကို အကောင်ရေ ထောင်ချီပြီး မွေးမြူထားပါတယ်။ အဲ့ဒီပွဲကို ဖျက်ဆီးဖို့နဲ့ မြေရှင်ကြီးကို ပညာပေးဖို့အတွက် Danny နဲ့ သူ့အဖေတို့ဟာ အရမ်းကို ပါးနပ်တဲ့ အစီအစဉ်တစ်ခုကို ဆွဲခဲ့ကြပါတယ်။ အဲ့ဒါကတော့ တောရိုင်းကြက်တွေကို အိပ်ဆေးထည့်ထားတဲ့ စပျစ်သီးခြောက်တွေ ကျွေးပြီး တစ်ညတည်းနဲ့ အကုန်ဖမ်းပစ်မယ့် “The Sleeping Beauty” ဆိုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
13,500 Ks
80 in stock
Reviews
There are no reviews yet.