- စာရေးသူ – Holly Jackson
- ထုတ်ဝေသူ – Electric Monkey (Egmont)
- ထုတ်ဝေသည့်နှစ် – 2019
- စီးရီး – A Good Girl’s Guide to Murder (Book 1)
- အမျိုးအစား – YA Mystery / Crime Thriller
- အရွယ်အစား – A5 (Black and White)
- ဘာသာစကား – English
A Good Girl’s Guide to Murder
ပိတ်သွားပြီးသား အမှုကို ပြန်ဖွင့်တဲ့ ကျောင်းသူလေး
လွန်ခဲ့တဲ့ ငါးနှစ်က ကျောင်းသူ Andie Bell ကို Sal Singh က သတ်ခဲ့ပါတယ်။ ရဲက သိတယ်၊ မြို့တစ်မြို့လုံးက သိတယ်၊ အမှုက ပိတ်သွားပါပြီ။ ဒါပေမယ့် အဲ့ဒီမြို့လေးမှာပဲ ကြီးပြင်းခဲ့တဲ့ Pippa Fitz-Amobi ကတော့ မသေချာပါဘူး။ ကျောင်းရဲ့ နောက်ဆုံးနှစ် project အတွက် ဒီအမှုကို ရွေးလိုက်တဲ့အခါ မြို့ထဲက တစ်စုံတစ်ယောက်က မပေါ်စေချင်တဲ့ လျှို့ဝှက်ချက်တွေ တစ်ခုပြီးတစ်ခု ထွက်လာပါတယ်။ လူသတ်သမားအစစ် အပြင်မှာ ရှိနေသေးရင် Pip ကို အမှန်တရားနဲ့ ဝေးအောင် သူတို့ ဘယ်လောက်အထိ လုပ်မလဲ?
Holly Jackson ရဲ့ ဒီ debut YA crime thriller ဟာ podcast Serial လို စွဲလမ်းစေပြီး One of Us Is Lying လို စာမျက်နှာ လှန်ရမနားစေပါဘူး။ Interview မှတ်တမ်းတွေ၊ စာရင်းတွေ၊ Pip ရဲ့ ကိုယ်ပိုင် note တွေနဲ့ ရေးထားလို့ စာဖတ်သူကလည်း စုံထောက်တစ်ယောက်လို လိုက်ဖြေရှင်းရတဲ့ ခံစားမှု ရပါတယ်။
Netflix/BBC series အဖြစ် ရိုက်ကူးထားပြီး trilogy ရဲ့ ပထမအုပ်ပါ (နောက်အုပ်တွေက Good Girl, Bad Blood နဲ့ As Good As Dead)။ Mystery နဲ့ thriller စဖတ်ချင်တဲ့ လူငယ်တွေအတွက် အကောင်းဆုံး အစပါ။
20,500 Ks
69 in stock





Reviews
There are no reviews yet.