About Yangon Book Shop

Yangon Book Shop ဟာ ၂၀၂၀ ခုနှစ်ကတည်းက ရန်ကုန်မြို့မှာ အင်္ဂလိပ်ဘာသာ စာအုပ်တွေကို အထူးပြု ရောင်းချနေတဲ့ စာအုပ်ဆိုင် တစ်ဆိုင် ဖြစ်ပါတယ်။ စတင်ခဲ့တုန်းက ရည်ရွယ်ချက်က ရိုးရှင်းပါတယ် — နိုင်ငံရပ်ခြားက မှာယူဖို့ မလွယ်ကူတဲ့ ကာလမှာ မြန်မာပြည်က စာဖတ်သူတွေ လက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ စစ်မှန်တဲ့ စာအုပ်တွေကို အလွယ်တကူ ဝယ်ယူနိုင်ဖို့ပါ။ ဒီနေ့မှာတော့ စာအုပ်အုပ်ရေ ရှစ်ထောင်ကျော် စုဆောင်းထားပြီး ရန်ကုန်မှာ ဆိုင်ခွဲ နှစ်ဆိုင်နဲ့ အွန်လိုင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။

သင် ရှာနေတဲ့ စာအုပ်အမျိုးအစားက ဘာပဲဖြစ်ဖြစ် ဒီမှာ ရှိနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာ manga သုံးထောင်ကျော်၊ light novel ငါးရာကျော်၊ ဝတ္ထုနဲ့ စာပေစာအုပ် တစ်ထောင့်ခြောက်ရာကျော်၊ ကလေးစာအုပ်၊ ဘာသာစကား လေ့လာရေးစာအုပ် (JLPT, HSK, IELTS, Cambridge နဲ့ Oxford သင်ရိုးများ)၊ ကျောင်းသုံး ဖတ်စာအုပ်တွေနဲ့ စီးပွားရေး စာအုပ်တွေ အားလုံး ရှိပါတယ်။ Manga နဲ့ light novel series တွေကိုတော့ အတွဲလိုက် ဖြည့်ပေးနိုင်အောင် အတွဲတစ်တွဲချင်းစီ ထားရှိပေးပါတယ်။

စာအုပ်တိုင်းမှာ မြန်မာလို အကြောင်းအရာ ဖော်ပြချက်

ကျွန်တော်တို့ ဆိုင်ရဲ့ ထူးခြားချက် တစ်ခုက — ဆိုင်မှာရှိတဲ့ စာအုပ်တိုင်းလိုလိုမှာ မြန်မာဘာသာနဲ့ ရေးထားတဲ့ အကြောင်းအရာ အကျဉ်းချုပ် ပါဝင်ပါတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်မျက်နှာဖုံး ကျောဘက်က ဖော်ပြချက်ကို ဖတ်ပြီး စာအုပ်က ကိုယ်နဲ့ ကိုက်မကိုက် ဆုံးဖြတ်ရတာ မလွယ်ပါဘူး။ ဒါကြောင့် စာအုပ်တစ်အုပ်ချင်းစီအတွက် ဇာတ်လမ်းအကျဉ်း၊ ဘယ်လိုစာဖတ်သူမျိုးနဲ့ သင့်တော်သလဲ ဆိုတာတွေကို မြန်မာလို ပြန်ရေးပေးထားပါတယ်။ သင် မဝယ်ခင် စာအုပ်ကို နားလည်ထားစေချင်လို့ပါ။

ဒါ့အပြင် ဆိုင်ရဲ့ ဘလော့ မှာလည်း စာအုပ်ရွေးချယ်နည်း၊ လူကြိုက်များနေတဲ့ စာအုပ်စာရင်းတွေနဲ့ စာဖတ်ခြင်း အကြံပြုချက်တွေကို မြန်မာလို ပုံမှန် ရေးသားတင်ပြပေးနေပါတယ်။ စာစဖတ်မယ့်သူတွေအတွက် ဘယ်ကနေ စရမလဲ မသိဖြစ်နေရင် အဲဒီမှာ အဖြေရနိုင်ပါတယ်။

ဆိုင်ခွဲများ

ရန်ကုန်မှာ ဆိုင်ခွဲ နှစ်ဆိုင် ဖွင့်လှစ်ထားပြီး နှစ်ဆိုင်စလုံး နေ့စဉ် နံနက် ၉:၀၀ မှ ည ၇:၀၀ အထိ ဖွင့်ပါတယ်။

  • Junction Square — ဒုတိယထပ် · ဖုန်း ၀၉-၇၅၉၇၈၈၇၃၄
  • Junction City — စတုတ္ထထပ် · ဖုန်း ၀၉-၆၉၈၇၀၆၅၃၃

စာအုပ်ကို လက်တွေ့ လှန်ကြည့်ချင်တယ်၊ ဝန်ထမ်းတွေနဲ့ တိုင်ပင်ချင်တယ် ဆိုရင် ဆိုင်ကို တိုက်ရိုက် လာလည်နိုင်ပါတယ်။ ဆိုင်မှာ ချိန်းထားစေချင်တဲ့ စာအုပ်ရှိရင်လည်း ဖုန်းဆက်ပြီး ကြိုမှာထားလို့ ရပါတယ်။

အွန်လိုင်းကနေ မှာယူခြင်း

ဆိုင်ကို လာဖို့ အဆင်မပြေရင် ဝဘ်ဆိုက် ကနေ တိုက်ရိုက် မှာယူနိုင်ပါတယ်။ ငွေပေးချေမှုကို WavePay, KBZPay တို့နဲ့ ဆောင်ရွက်နိုင်ပြီး ပို့ဆောင်မှုကိုတော့ Royal Express နဲ့ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးကို ပို့ပေးပါတယ်။ Android သုံးတဲ့သူတွေအတွက် ဆိုင်ရဲ့ ကိုယ်ပိုင် app လည်း ရှိပါတယ်။

မှာလိုက်တဲ့ စာအုပ်မှာ ပုံနှိပ်မှု ဒါမှမဟုတ် စာအုပ်ချုပ်မှု ချွတ်ယွင်းချက် (စာမျက်နှာ ပြုတ်နေတာ၊ လွဲနေတာ၊ မှင်မပါတာ) တွေ့ရင် အသစ်နဲ့ လဲပေးပါတယ်။ စာအုပ်ကို မသုံးရသေးဘဲ ဝယ်ယူကြောင်း အထောက်အထား ပါပြီး ၃ ရက်အတွင်း ဖြစ်ရပါမယ်။ အသေးစိတ်ကို လဲလှယ်ခြင်းနှင့် ပြန်အမ်းခြင်း မူဝါဒ မှာ ဖတ်နိုင်ပါတယ်။

ဆက်သွယ်ရန်

စာအုပ်တစ်အုပ် ရှိမရှိ မေးချင်တာ၊ မှာယူထားတာ ဘယ်ရောက်နေပြီလဲ သိချင်တာ၊ ဒါမှမဟုတ် ဘယ်စာအုပ်ဖတ်ရင် ကောင်းမလဲ အကြံဉာဏ်လိုချင်တာ ဖြစ်ဖြစ် ဆက်သွယ်လို့ ရပါတယ်။ ဆက်သွယ်ရန် စာမျက်နှာ ကနေ စာပို့နိုင်သလို၊ admin@yangonbookshop.com ကို အီးမေးလ် ပို့လို့လည်း ရပါတယ်။ စာအုပ်အသစ်တွေ ရောက်တိုင်း Facebook စာမျက်နှာ မှာ အရင်ဆုံး ကြေညာပေးပါတယ်။

About Yangon Book Shop

Yangon Book Shop has been selling English-language books in Yangon, Myanmar since 2020. We stock more than 8,000 titles — manga, light novels, English fiction, children’s books, language-study material for JLPT, HSK and IELTS, academic textbooks and business titles — across two branches, on the second floor of Junction Square and the fourth floor of Junction City, both open daily from 9:00 AM to 7:00 PM.

Every book we list carries a synopsis written in Burmese, so readers can understand an English book before buying it. Orders placed on yangonbookshop.com are paid by WavePay, KBZPay or cash and delivered anywhere in Myanmar by Royal Express. Books with printing or binding defects are exchanged within three days of purchase.

error: Content is protected !!