- စာရေးသူ: Chanakya Arya
- ထုတ်ဝေသူ: CRC Press (Taylor & Francis)
- ထုတ်ဝေသည့်နှစ်: 2022 (Fourth Edition)
- စာမျက်နှာ: 522
- အမျိုးအစား: Civil / Structural Engineering ကျောင်းသုံး textbook
- ဘာသာစကား: အင်္ဂလိပ်
- ISBN-13: 9781032076317
- အရွယ်အစား: A5 (Black and White)
Design of Structural Elements: Concrete, Steelwork, Masonry and Timber Designs to Eurocodes (Fourth Edition) by Chanakya Arya
ကွန်ကရစ်၊ သံမဏိ၊ အုတ်နဲ့ သစ်သား — structural element ဒီဇိုင်းလေးမျိုးလုံးကို Eurocodes အတိုင်း စာအုပ်တစ်အုပ်တည်းမှာ လေ့လာနိုင်ပါတယ်
Civil Engineering နဲ့ Structural Engineering ကျောင်းသားတွေ၊ လုပ်ငန်းခွင်ထဲ ဝင်ခါစ အင်ဂျင်နီယာတွေအတွက် ဒီဇိုင်းဘာသာရပ်က ပစ္စည်းတစ်မျိုးချင်းစီအလိုက် စာအုပ်အထူကြီးတွေ သီးခြားစီ ဖတ်ရတာမို့ အစပိုင်းမှာ ခက်တတ်ပါတယ်။ University College London (UCL) က Chanakya Arya ရေးတဲ့ Design of Structural Elements ကတော့ beam, column, slab, foundation, wall စတဲ့ structural element တွေကို ပစ္စည်းလေးမျိုးလုံးနဲ့ ဘယ်လိုဒီဇိုင်းလုပ်ရမလဲဆိုတာ စာအုပ်တစ်အုပ်တည်းမှာ စုစည်းပေးထားတဲ့ နာမည်ကြီး textbook ပါ။ ဒီ Fourth Edition မှာ ၂၀၂၁ ခုနှစ်အထိ ပြင်ဆင်ထားတဲ့ Eurocodes တွေနဲ့ ကိုက်ညီအောင် အသစ်ပြန်ရေးထားပါတယ်။
စာအုပ်ကို ဒီဇိုင်းရဲ့ အခြေခံသဘောတရား (Philosophy of design) နဲ့ load, bending moment, shear force တွက်ချက်ပုံလို အခြေခံ structural concept တွေကနေ စပါတယ်။ အဲ့ဒီနောက် EN 1992 အရ reinforced concrete ဒီဇိုင်း၊ EN 1993 နဲ့ EN 1994 အရ structural steelwork နဲ့ steel/concrete composite ဒီဇိုင်း၊ EN 1996 အရ unreinforced masonry ဒီဇိုင်း၊ EN 1995 အရ timber ဒီဇိုင်းတို့ကို အခန်းတစ်ခန်းစီ သီးသန့်ခွဲပြီး ရှင်းပြထားတာမို့ သင်လိုချင်တဲ့ အခန်းကိုပဲ တန်းဖတ်လို့ ရပါတယ်။
ဒီစာအုပ်ရဲ့ အားသာချက်က သီအိုရီသက်သက် မဟုတ်ဘဲ ပုံကြမ်း (diagram) တွေ၊ အဆင့်လိုက် တွက်ပြထားတဲ့ worked example တွေ အများကြီး ပါတာပါ။ နောက်ဆက်တွဲမှာလည်း permissible stress နဲ့ load factor design အကြောင်း၊ steel universal beam နဲ့ column တွေရဲ့ အရွယ်အစားနဲ့ section property ဇယားတွေ၊ EN 1990 ထဲက load combination ညီမျှခြင်း 6.10, 6.10a, 6.10b တို့ကို ထည့်ပေးထားတာမို့ လက်တွေ့တွက်ချက်တဲ့အခါ ကိုးကားစာအုပ်အဖြစ်ပါ သုံးလို့ ရပါတယ်။
Civil / Structural Engineering ဘွဲ့ကြို၊ ဒီပလိုမာ တက်နေသူတွေ၊ ဗိသုကာနဲ့ ဆောက်လုပ်ရေးနယ်ပယ်က structural design ကို အခြေခံကနေ စနစ်တကျ နားလည်ချင်သူတွေ၊ British Standard ကနေ Eurocodes ကို ကူးပြောင်းလေ့လာနေတဲ့ အင်ဂျင်နီယာတွေအတွက် သင့်တော်ပါတယ်။ အမေရိကန်စံနှုန်း ACI 318 နဲ့ ကွန်ကရစ်ဒီဇိုင်းလုပ်တဲ့ စာအုပ်တွေလည်း ဆိုင်မှာ ရနိုင်တာမို့ စံနှုန်းနှစ်မျိုးကို ယှဉ်လေ့လာချင်ရင် တွဲဖတ်လို့ ရပါတယ်။
59,000 Ks





Reviews
There are no reviews yet.