Dog Man စီးရီးကို နှစ်ချီစောင့်ဖတ်နေကြတဲ့ ပရိသတ်တွေအတွက် Big Jim Begins က ထူးခြားတဲ့ အတွဲတစ်တွဲပါ — ရှေ့အတွဲတွေမှာ ချစ်ခင်ခဲ့ရပြီးသား Big Jim ဆိုတဲ့ ဇာတ်ကောင်ရဲ့ မူလအစ ဇာတ်ကြောင်းကို ပြန်ကောက်ပြထားလို့ပါ။ သူ ဘယ်ကလာလဲ၊ ဘာတွေ ဖြတ်သန်းခဲ့ရလဲ၊ ဘယ်လို မျှော်လင့်ချက်နဲ့ ခင်မင်မှုတွေကို ရှာတွေ့ခဲ့လဲ — ဆိုတာတွေကို Dav Pilkey ရဲ့ ထုံးစံအတိုင်း ရယ်မောစရာ comic ဇာတ်ကွက်တွေကြားထဲမှာ ခွင့်လွှတ်ခြင်း၊ ကြင်နာခြင်းနဲ့ မိသားစုဆိုတဲ့ နက်နဲတဲ့ အကြောင်းအရာတွေ ထည့်ရက်ပြီး ရေးဆွဲထားပါတယ်။
စာဖတ်စ ကလေးတွေကို စာဖတ်ဝါသနာ သွင်းပေးနိုင်တာကြောင့် ကမ္ဘာတစ်ဝန်း မိဘတွေ၊ ဆရာ/ဆရာမတွေ အကြိုက်ဆုံး graphic novel စီးရီးလည်း ဖြစ်ပါတယ်။ အတွဲ ၁၃ ကို မဖတ်ခင် အရင်အတွဲတွေ ဖတ်ထားစရာ မလိုပါဘူး — ဒီအတွဲကနေ စဖတ်လည်း အဆင်ပြေပါတယ်။
အသေးစိတ်
စာရေး/ပန်းချီ — Dav Pilkey
ထုတ်ဝေသူ — Graphix / Scholastic (December 2024)
စာမျက်နှာ — 224 (အရောင်စုံ)
စီးရီး — Dog Man #13
ISBN — 9781338896459
ဘာသာစကား — English





Reviews
There are no reviews yet.