- စာရေးသူ – Serena Valentino
- ထုတ်ဝေသူ – Disney Press
- အတွဲ – Villains Book 10
- အမျိုးအစား – Fantasy / Retelling
- အရွယ်အစား – A5 (Black and White)
- ဘာသာစကား – English
Fire and Fate-Villains, Book 10
Fire and Fate (Villains Book 10) — နတ်ဘုရားက လူဆိုးဖြစ်လာပုံ
Serena Valentino ရဲ့ Villains စီးရီးဟာ Disney ဇာတ်လမ်းတွေထဲက လူဆိုးဇာတ်ကောင်တွေရဲ့ ဘက်ကနေ ပြန်ပြောပြထားတဲ့ ဝတ္ထုတွဲ ဖြစ်ပါတယ်။ သူတို့ ဘာကြောင့် အဲဒီလို ဖြစ်လာရသလဲ၊ အတိတ်မှာ ဘာတွေ ကြုံခဲ့ရသလဲဆိုတာ ဖော်ထုတ်ပြသရင်း၊ ကောင်းမှုနဲ့ ဆိုးမှုကြားက မျဉ်းကြောင်းဟာ ထင်သလောက် ရှင်းလင်းတာ မဟုတ်ဘူးဆိုတာ ပြသပါတယ်။ New York Times အရောင်းရဆုံး စာရင်းဝင် စီးရီး ဖြစ်ပါတယ်။
အတွဲ ၁၀ ဟာ အောက်ဘဝလောကထဲကို ဝင်ရောက်ပြီး Hades ဟာ နတ်ဘုရားတစ်ပါးကနေ လူဆိုးတစ်ယောက် ဘယ်လို ဖြစ်လာသလဲဆိုတာ လေ့လာထားပါတယ်။ Zeus၊ Poseidon နဲ့ Hades ညီအစ်ကိုတွေဟာ Titan တွေနဲ့ နှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့ကြပြီး၊ အနိုင်ရပြီးနောက် ကမ္ဘာကို ခွဲဝေယူကြပါတယ် — ဒါပေမယ့် Hades ရရှိတဲ့ ဝေစုက အားလုံးထက် ဆိုးရွားခဲ့ပါတယ်။
ဆိုင်မှာ အတွဲစုံ ရနိုင်ပါတယ်။
8,500 Ks
80 in stock
Book Details
| color | Black & White |
|---|---|
| Size | A5 |





Reviews
There are no reviews yet.