စာအုပ်အချက်အလက်များ
- စာအုပ်အမည်: George’s Marvellous Medicine
- စာရေးသူ: Roald Dahl
- သရုပ်ဖော်ပန်းချီ: Quentin Blake
- ထုတ်ဝေသည့်နှစ်: ၁၉၈၁ ခုနှစ်
ဇာတ်လမ်းလေးကတော့ အသက် ၈ နှစ်အရွယ် George Kranky ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ George မှာ အရမ်းကို စိတ်ပုပ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ အဘွားတစ်ယောက် ရှိပါတယ်။ အဘွားဖြစ်သူဟာ George ကို ခဏခဏ အော်ဟစ်ငေါက်ငမ်းလေ့ရှိပြီး ထူးဆန်းတဲ့ အယူအဆတွေကိုလည်း ပြောပြလေ့ရှိသူပါ။
တစ်နေ့မှာတော့ အိမ်မှာ အဘွားနဲ့ နှစ်ယောက်တည်း ကျန်ခဲ့တဲ့ George ဟာ အဘွားရဲ့ စရိုက်ဆိုးတွေကို တုံ့ပြန်ဖို့အတွက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ အဲ့ဒါကတော့ အဘွားနေ့တိုင်းသောက်နေကျ ဆေးတွေအစား သူကိုယ်တိုင် စပ်ထားတဲ့ “အံ့ဖွယ်ဆေးရည်” တစ်ခွက်ကို တိုက်ဖို့ပါပဲ။ George ဟာ အိမ်ထဲမှာရှိသမျှ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ကြမ်းတိုက်ဆေး၊ တိရစ္ဆာန်ဆေးတွေကအစ အကုန်လုံးကို ရောမွှေပြီး ဆေးရည်အသစ်တစ်ခွက်ကို ဖန်တီးလိုက်ပါတယ်။
အဲ့ဒီဆေးရည်ကို အဘွားဖြစ်သူ သောက်လိုက်တဲ့အခါမှာတော့… မထင်မှတ်ထားတဲ့၊ ရယ်မောစရာကောင်းတဲ့ မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာပါတော့တယ်။ အဘွားဟာ ကောင်းကင်ပေါ်ရောက်မတတ် အရပ်တွေ ရှည်ထွက်လာပြီး အိမ်ခေါင်မိုးကိုတောင် ဖောက်ထွက်သွားတဲ့အခါမှာတော့ George ရဲ့ မိသားစုကြားမှာ ဘယ်လိုဗရုတ်ဗရက်တွေ ဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာပါ။
9,000 Ks
80 in stock
Reviews
There are no reviews yet.