စာအုပ်အချက်အလက်များ
- စာအုပ်အမည်: Go For It, Nakamura-kun!! (Ganbare! Nakamura-kun!! – ကံကောင်းပါစေ နာကာမူရာကွန်!!)
- စာရေးသူ: Syundei
- ပထမဆုံး ထုတ်ဝေသည့်နှစ်: ၂၀၁၅ ခုနှစ်
ဇာတ်လမ်းလေးကတော့ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသားလေး Nakamura ဆီကနေ စတင်ပါတယ်။ သူဟာ အင်မတန်မှ ရှက်တတ်ပြီး လူအများကြားထဲမှာ ထင်ထင်ရှားရှား မနေတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ သူ့ရဲ့အတန်းဖော်၊ အရမ်းကို တက်ကြွပြီး ဖော်ရွေလှတဲ့ ကောင်လေး Hirose ကို ပထမဆုံး မြင်မြင်ချင်းမှာတင် သဘောကျပြီး အသည်းအသန် ကြိတ်ချစ်နေရတာပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာ အဓိကအခက်အခဲကတော့ Nakamura ဟာ Hirose နဲ့ စကားတစ်ခွန်း ပြောနိုင်ဖို့နေနေသာသာ နှုတ်ဆက်ဖို့တောင် မဝံ့မရဲ ဖြစ်နေရတာပါ။ Hirose နဲ့ သူငယ်ချင်းဖြစ်ခွင့်ရဖို့၊ စကားစမြည် ပြောခွင့်ရဖို့အတွက် Nakamura တစ်ယောက် စိတ်ကူးယဉ်အစီအစဉ်တွေ အကြိမ်ကြိမ်ဆွဲရင်း… ဘယ်လိုမျိုး အလွဲလွဲအချော်ချော်တွေ ဖြစ်ပျက်ပြီး ရင်ခုန်စရာ ခရီးစဉ်လေးကို ဖြတ်သန်းရမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ချစ်စဖွယ် ရေးသားထားပါတယ်။
18,500 Ks
80 in stock
Thoonmyat –
Student