Mr. Wolf’s Class Vol.5: Snow Day by Aron Nels Steinke

နှင်းမုန်တိုင်းနေ့မှာ ဘတ်စ်ကားလွတ်သွားတဲ့ Abdi နဲ့ Henry တို့ရဲ့ မမျှော်လင့်တဲ့ စွန့်စားခန်း

Mr. Wolf’s Class ဟာ Eisner ဆုရှင် ကာတွန်းဆရာ Aron Nels Steinke ရေးဆွဲထားတဲ့ ကလေးတွေအတွက် ရောင်စုံ graphic novel စီးရီးပါ။ Hazelwood မူလတန်းကျောင်းရဲ့ စတုတ္ထတန်း အခန်းထဲက ဝံပုလွေ ဆရာ Mr. Wolf နဲ့ ယုန်၊ ဘဲ၊ ဝက်၊ ဖား၊ ကြောင် စတဲ့ တိရစ္ဆာန်ကျောင်းသားလေးတွေရဲ့ နေ့စဉ်ကျောင်းဘဝကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

ပဉ္စမစာအုပ်မှာ Hazelwood မူလတန်းကျောင်းဆီ နှင်းမုန်တိုင်း ဝင်လာတော့မှာမို့ ကျောင်းစောစော ဆင်းရနိုင်တယ်ဆိုပြီး လူတိုင်း စိတ်လှုပ်ရှားနေကြပါတယ်။ Abdi ကတော့ သူ့အစ်ကို ခွဲစိတ်ကုသမှု ခံယူရမှာမို့ စိတ်ပူပြီး အာရုံပျံ့နေပါတယ်။ Henry နဲ့အတူ အိမ်ပြန်ရမယ့်အစီအစဉ် ရှိပေမယ့် နှစ်ယောက်လုံး ဘတ်စ်ကား လွတ်သွားတဲ့အခါ Mr. Wolf နဲ့အတူ မထင်မှတ်တဲ့ စွန့်စားခန်းတစ်ခုကို ဖြတ်သန်းရပါတော့တယ်။

စာနည်းပြီး ပုံများတဲ့ comic ပုံစံ၊ ရယ်စရာနဲ့ နွေးထွေးတဲ့ ဇာတ်လမ်းတွေကြောင့် အသက် ၇ နှစ်ကနေ ၁၀ နှစ်အရွယ် ကလေးတွေ အင်္ဂလိပ်စာ ဖတ်တတ်လာအောင်၊ စာဖတ်ဝါသနာ ပါလာအောင် အထူးသင့်တော်ပါတယ်။

25,000 Ks

About The Author

Aron Nels Steinke

  • စာရေးသူ / ပုံဆွဲသူ — Aron Nels Steinke
  • ထုတ်ဝေသူ — Scholastic (Graphix)
  • ထုတ်ဝေသည့်နှစ် — 2022
  • စီးရီး — Mr. Wolf’s Class (Book 5) — Snow Day
  • အမျိုးအစား — Children’s Graphic Novel · School Story
  • သင့်တော်သည့်အသက် — ၇ – ၁၀ နှစ်
  • အရွယ်အစား — A5 (Colour)
  • ဘာသာစကား — အင်္ဂလိပ်
  • ISBN-13 — 9781338746754

Reviews

There are no reviews yet.

Be the first to review “Mr. Wolf’s Class Vol.5: Snow Day by Aron Nels Steinke”

Your email address will not be published. Required fields are marked *