- စာရေးသူ — Robin Stevens
- ထုတ်ဝေသူ — Puffin (Penguin Random House)
- ထုတ်ဝေသည့်နှစ် — 2014
- စီးရီး — A Murder Most Unladylike Mystery (Book 1)
- အမျိုးအစား — Middle Grade · Mystery · Historical
- အရွယ်အစား — A5 (Black and White)
- ဘာသာစကား — အင်္ဂလိပ်
- ISBN-13 — 9780141369761
Murder Most Unladylike by Robin Stevens
၁၉၃၀ ပြည့်လွန်နှစ်များ ကျောင်းအိပ်ကျောင်းမှာ ပေါ်လာတဲ့ လူသတ်မှုကို ဖော်ထုတ်မယ့် ကျောင်းသူစုံထောက် နှစ်ယောက်
Murder Most Unladylike ဟာ ဗြိတိန် စာရေးဆရာမ Robin Stevens ရေးသားထားပြီး ကမ္ဘာတစ်ဝှမ်း လူကြိုက်များခဲ့တဲ့ Murder Most Unladylike Mystery စီးရီးရဲ့ ပထမဆုံး စာအုပ်ပါ။ (အမေရိကန်မှာ Murder Is Bad Manners အမည်နဲ့ ထုတ်ဝေခဲ့ပါတယ်။) ၁၉၃၄ ခုနှစ်၊ အင်္ဂလန်က Deepdean School for Girls ကျောင်းအိပ်ကျောင်းမှာ ကျောင်းသူ Daisy Wells နဲ့ Hazel Wong တို့ဟာ လျှို့ဝှက် စုံထောက်အသင်းလေး တစ်ခု ဖွဲ့ထားကြပါတယ်။
ဒါပေမဲ့ သူတို့ ဖော်ထုတ်ခဲ့ဖူးတာတွေက ပျောက်သွားတဲ့ ပစ္စည်းလို အမှုသေးသေးလေးတွေပဲ ရှိပါသေးတယ်။ တစ်နေ့မှာ Hazel ဟာ ကျောင်းအားကစားခန်းထဲမှာ သိပ္ပံဆရာမ Miss Bell ရဲ့ အလောင်းကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ Daisy ကို ခေါ်လာပြီး ပြန်ရောက်တဲ့အခါ အလောင်းက ပျောက်သွားပါပြီ။ လူသတ်မှု တကယ်ဖြစ်ခဲ့ကြောင်း သက်သေပြဖို့ရော၊ တရားခံကို ဖော်ထုတ်ဖို့ရော နှစ်ယောက်သား ကြိုးစားကြရင်း ကျောင်းထဲက လျှို့ဝှက်ချက်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။
Hong Kong ကနေ လာတဲ့ Hazel ရဲ့ မှတ်တမ်းစာအုပ် ပုံစံနဲ့ ရေးထားလို့ ဖတ်ရလွယ်ပြီး Agatha Christie ပုံစံ ဂန္ထဝင် စုံထောက်ဇာတ်လမ်းကို ကလေးတွေအတွက် ရင်ခုန်စရာ၊ ရယ်စရာကောင်းအောင် ဖန်တီးထားပါတယ်။ စုံထောက်ဇာတ်လမ်းနဲ့ ကျောင်းအိပ်ကျောင်းဘဝ ဇာတ်လမ်း ကြိုက်တဲ့ အသက် ၉ နှစ်အထက် စာဖတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။
15,000 Ks





Reviews
There are no reviews yet.