- စာရေးသူ – Tappei Nagatsuki / Shinichirou Otsuka (ပန်းချီ)
- ထုတ်ဝေသူ – Yen On
- အတွဲ – Vol.24
- အမျိုးအစား – Light Novel / Isekai / Fantasy / Psychological
- အရွယ်အစား – A5 (Black and White)
- ဘာသာစကား – English
Re:ZERO -Starting Life in Another World Vol.24 English Version Light Novel
Re:ZERO အတွဲ ၂၄ (Light Novel) — သေသူတွေရဲ့ စာအုပ်တိုက် Taygeta
ဒီကမ္ဘာနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်အများစုကို ဆုံးရှုံးထားတဲ့ Subaru အတွက် သေချာတာ တစ်ခုပဲ ရှိပါတယ်။ ဘာတွေ ဖြစ်နေလဲဆိုတာ မြန်မြန် မဖော်ထုတ်နိုင်ရင် သူရော သူ့အဖော်တွေပါ ဒီအန္တရာယ်များတဲ့ မျှော်စင်ထဲမှာ ဆိုးဆိုးရွားရွား အဆုံးသတ်ရမှာပါ။ မျှော်စင်ရဲ့ စမ်းသပ်မှုကလည်း ရှေ့မတိုးသေးပါဘူး။
လက်ထဲမှာ ရှိတဲ့ အကောင်းဆုံး သဲလွန်စက Taygeta စာကြည့်တိုက်ပါ။ အဲ့ဒီမှာ လူမရေမတွက်နိုင်အောင်ရဲ့ မှတ်ဉာဏ်တွေကို “သေသူတွေရဲ့ စာအုပ်” အဖြစ် သိမ်းထားပါတယ်။ တခြားသူရဲ့ ဘဝကို စာအုပ်ဖတ်သလို ဖတ်ရတဲ့အခါ ဘာတွေ တွေ့ရမလဲ၊ အဲ့ဒါက ကိုယ့်ကိုယ်ကို ဘယ်လို ပြောင်းသွားစေမလဲဆိုတာက ဒီတွဲရဲ့ အနှစ်ပါ။
Tappei Nagatsuki ရဲ့ Re:ZERO ဟာ သေတိုင်း အချိန်ကို နောက်ပြန်ရစ်ပြီး ပြန်စရတဲ့ “Return by Death” စွမ်းအားတစ်ခုတည်းနဲ့ တခြားကမ္ဘာမှာ ရုန်းကန်ရတဲ့ Subaru Natsuki ရဲ့ ဇာတ်လမ်းပါ။ သူရဲကောင်းတစ်ယောက်ရဲ့ အောင်ပွဲထက် ခဏခဏ ရှုံးပြီး ပြန်ထရတဲ့ လူတစ်ယောက်ရဲ့ စိတ်ဒဏ်ရာကို ရိုးရိုးသားသား ရေးပြထားလို့ isekai အမျိုးအစားထဲမှာ အထူးခြားဆုံး လက်ရာတွေထဲက တစ်ခုအဖြစ် ကမ္ဘာတစ်ဝန်း နာမည်ကြီးပြီး anime အဖြစ်လည်း ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းက အတွဲတစ်ခုနဲ့တစ်ခု တိုက်ရိုက်ဆက်နေတာမို့ အစဉ်လိုက် ဖတ်ဖို့ လိုပါတယ်။ အရင်အတွဲတွေကိုလည်း Vol.1 ကနေစပြီး ဆိုင်မှာ ရနိုင်ပါတယ်။ သေခြင်းနဲ့ အကြမ်းဖက်မှု မြင်ကွင်းတွေ ပါတာမို့ ဆယ်ကျော်သက်အထက် စာဖတ်သူတွေအတွက် ပိုသင့်တော်ပါတယ်။
19,500 Ks





Reviews
There are no reviews yet.