- စာရေးသူ: Chris Wraight
- စီးရီး: The Horus Heresy (Book 28)
- ထုတ်ဝေသူ: Black Library
- ပထမဆုံး ထုတ်ဝေသည့်နှစ်: 2014
- အမျိုးအစား: Science Fiction / Military SF
- ဘာသာစကား: အင်္ဂလိပ်
- အရွယ်အစား: A5 (Black and White)
Scars (The Horus Heresy, Book 28) by Chris Wraight
ဘယ်သူ့ကို ယုံရမလဲ မသိတဲ့ စစ်ပွဲကြီးထဲမှာ White Scars တပ်မတော် ဘက်ရွေးရတော့မယ်
Chondax စနစ်မှာ ork တွေကို နှိမ်နင်းပြီးခါစ White Scars တပ်မတော်ဟာ ဂလက်ဆီရဲ့ အစွန်အဖျားမှာ သီးခြားရောက်နေတာမို့ Imperium တစ်ခုလုံး ပြိုကွဲနေတာကို နောက်ကျမှ သိရပါတယ်။ ရောက်လာတဲ့ သတင်းတွေကလည်း တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေပါတယ်။ Horus က သစ္စာဖောက်သွားပြီလို့ တချို့က ပြောတယ်၊ Leman Russ နဲ့ Space Wolves တွေက Prospero ကို ဖျက်ဆီးပြီး သစ္စာဖောက်တာလို့ တချို့က ပြောတယ်။ Alpha Legion ရဲ့ သင်္ဘောတပ်ကလည်း ထွက်ပေါက်ကို ပိတ်ထားပါတယ်။
Primarch Jaghatai Khan ဟာ ညီအစ်ကိုတွေထဲမှာ အနားမကပ်ဆုံး၊ ဘယ်သူမှ အတွင်းစိတ်ကို မသိတဲ့သူပါ။ Horus နဲ့လည်း ရင်းနှီးတယ်၊ Magnus နဲ့လည်း ရင်းနှီးတယ်။ ဒါကြောင့် သူ့ကို နှစ်ဖက်စလုံးက ဆွဲဆောင်ကြပါတယ်။ Khan ကတော့ သူများပြောစကားနဲ့ မဆုံးဖြတ်ဘဲ အမှန်တရားကို ကိုယ်တိုင်ရှာဖို့ ပျက်စီးနေတဲ့ Prospero ဆီ ထွက်သွားပါတယ်။
ဒီအချိန်မှာ တပ်မတော်အတွင်းမှာလည်း အက်ကြောင်းတွေ ပေါ်လာပါတယ်။ Chogoris ဂြိုဟ်သားတွေနဲ့ Terra ကလာတဲ့ တပ်သားတွေကြားက မတူညီမှု၊ တိတ်တဆိတ် ပျံ့နှံ့နေတဲ့ warrior lodge တွေရဲ့ သြဇာတို့ကြောင့် မျက်နှာဖုံးပေါ်က “The Legion divided” ဆိုတဲ့ စာသားအတိုင်း တပ်မတော်က နှစ်ခြမ်းကွဲမလို ဖြစ်လာပါတယ်။ Shiban Khan နဲ့ Torghun Khan ဆိုတဲ့ ဗိုလ်မှူးနှစ်ယောက်ရဲ့ မြင်ကွင်းကနေ ဒီပဋိပက္ခကို အနီးကပ် ပြထားပါတယ်။
Chris Wraight က အရင်စာအုပ်တွေမှာ အရိပ်လောက်ပဲ ပါခဲ့တဲ့ White Scars တွေကို ယဉ်ကျေးမှု၊ ကဗျာဆန်တဲ့ စကားပြောပုံ၊ အမြန်နှုန်းကို မြတ်နိုးတဲ့ စစ်ရေးဟန်တွေနဲ့ အသက်ဝင်လာအောင် ရေးပြထားပါတယ်။ မူလက အပိုင်း ၁၂ ပိုင်းခွဲ ထုတ်ခဲ့တဲ့ ဇာတ်လမ်းကို ဝတ္ထုတစ်အုပ်အဖြစ် ပြန်ပေါင်းထားတာပါ။ ဒီဇာတ်လမ်းရဲ့ အဆက်ဖြစ်တဲ့ The Path of Heaven (Book 36) ကိုလည်း ဆိုင်မှာ ရနိုင်ပါတယ်။ ဆိုင်မှာ The Horus Heresy စီးရီးက Horus Rising, The Flight of the Eisenstein, Know No Fear, Betrayer စတဲ့ တခြားစာအုပ်တွေလည်း ရနိုင်ပါတယ်။
19,000 Ks





Reviews
There are no reviews yet.