- စာရေးသူ: Emily St. John Mandel
- ထုတ်ဝေသည့်နှစ်: 2022
- အမျိုးအစား: သိပ္ပံစိတ်ကူးယဉ် / စိတ်ကူးယဉ်စွန့်စားခန်း (Speculative Fiction)
- ဘာသာစကား: အင်္ဂလိပ်
Sea of Tranquality by Emily St.John Mandel
Station Eleven နှင့် The Glass Hotel တို့ဖြင့် ထင်ရှားသော ဆုရစာရေးဆရာမ Emily St. John Mandel (အဲမလီ စိန့်ဂျွန် မန်ဒဲလ်) ၏ ဤ New York Times အရောင်းရဆုံး၀တ္ထုသည် အနုပညာ၊ အချိန်ခရီးသွားခြင်း၊ အချစ်နှင့် ကပ်ရောဂါတို့ကို ပေါင်းစပ်ထားကာ ၁၉၁၂ ခုနှစ် Vancouver ကျွန်းမှ ငါးရာစုနှစ်အကြာ လအတွင်းရှိ မှောင်မိုက်သော ကိုလိုနီတစ်ခုအထိ ဖြန့်ကြက်ပြသထားသည်။
Edwin St. Andrew (အက်ဒွင်) သည် အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်တွင် ဂုဏ်သိက္ခာရှိသော လူ့အသိုင်းအ၀ိုင်းမှ နှင်ထုတ်ခံရပြီး အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ကူးလာသူဖြစ်သည်။ ကနေဒါ၏ တောအလှတွင် စွဲမက်နေစဉ် လေယာဉ်ဆိပ်တစ်ခုမှ ထွက်ပေါ်လာသော တယောသံကို ကြားလိုက်ရာ သူ၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ နှစ်ပေါင်းနှစ်ရာအကြာတွင် နာမည်ကျော် စာရေးဆရာမ Olive Llewellyn (အော်လစ်ဗ်) သည် စာအုပ်ခရီးစဉ်ဖြင့် ကမ္ဘာတစ်လွှားသို့ သွားရောက်နေသော်လည်း သူ၏နေအိမ်မှာ လ၏ ဒုတိယကိုလိုနီဖြစ်သည်။
Olive ၏ အရောင်းရဆုံး ကပ်ရောဂါ၀တ္ထုထဲတွင် လေယာဉ်ဆိပ်စင်္ကြံ၌ တယောတီးနေသူနှင့် ပတ်၀န်းကျင်တွင် သစ်တောရိပ်ဖြာထွက်လာသည့် ထူးဆန်းသော အပိုဒ်တစ်ခုပါ၀င်နေသည်။ Night City ၏ စုံထောက် Gaspery-Jacques Roberts (ဂက်စ်ပရီ) သည် မြောက်အမေရိကတောကြီးထဲက ပုံမှန်မဟုတ်သော ဖြစ်ရပ်တစ်ခုကို စုံစမ်းရန် ငှားရမ်းခံရသောအခါ ရာစုနှစ်များနှင့် အာကာသကို ဖြတ်ကျော်ထားသည့် လူသားများ၏ ဘ၀များ ဆက်စပ်နေပုံကို ဖော်ထုတ်တွေ့ရှိလာရပါတော့သည်။
7,500 Ks
80 in stock





Reviews
There are no reviews yet.