- စာရေးသူ: Robert Augustus Masters
- အမျိုးအစား: ဝိညာဉ်ရေး/စိတ်ပညာ (Spirituality / Psychology)
- ဘာသာစကား: အင်္ဂလိပ်
Spiritual bypassing Black and White
ဝိညာဉ်ရေးဆိုင်ရာယုံကြည်ချက်များနဲ့ အလေ့အကျင့်များကို ကျွန်ုပ်တို့ဘယ်လို “အသုံးချ” ပြီး ဘယ်လို “အလွဲသုံးစား” ပြုနေကြသလဲဆိုတာကို ပထမဆုံးအကြိမ် အသေးစိတ်လေ့လာစူးစမ်းထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဝိညာဉ်ရေးဆရာ၊ Integral Psychotherapist တစ်ဦးဖြစ်သူ Robert Augustus Masters (ရော်ဘတ် ဩဂတ်စ်တပ် မာစတာစ်) က ကျွန်ုပ်တို့ကို ဘဝကို အပြည့်အဝ မဖြတ်သန်းစေဘဲ ပိတ်ဆို့ထားတဲ့အရာတွေကို ဘယ်လိုသိမြင်ပြီး ကျော်လွှားနိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။
Spiritual Bypassing ဆိုသည်မှာ နာကျင်စိတ်ခံစားမှုများ၊ မပျောက်ကင်းသေးသော ဒဏ်ရာများနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို ရင်ဆိုင်ဖြေရှင်းရမည့်အစား ဝိညာဉ်ရေးယုံကြည်ချက်များကို အသုံးပြုကာ ရှောင်တိမ်းခြင်းကို ဆိုလိုပြီး ဒီအလေ့အကျင့်ဟာ တွင်ကျယ်လွန်းလှသည့်တိုင် များသောအားဖြင့် သတိမပြုမိကြပါ။ ခရစ်ယာန်ပညတ်တော်များ ဖြစ်စေ၊ ဗုဒ္ဓစာသာ စည်းကမ်းများ ဖြစ်စေ၊ ဘာသာရေးအယူဝါဒတိုင်းရဲ့ ဝိညာဉ်ရေးဆိုင်ရာ စံနှုန်းများကို မသက်မသာဖြစ်တဲ့ ခံစားချက်များကို ရှောင်လွှဲပြီး ပိုပြီး “ထူးကဲသည်” ဟု ထင်ရသော လုပ်ရပ်များကို ရွေးချယ်ဖို့ လွယ်ကူသော အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချနိုင်ကြောင်း စာအုပ်က ညွှန်ပြထားပါတယ်။
စိတ်ပညာအခြေခံလိုအပ်ချက်များနဲ့ ကင်းကွာနေသည့်အခါ ဒီလိုလုပ်ရပ်များဟာ အကျိုးထက် အန္တရာယ်သာ ပိုများတတ်ပါတယ်။ Chögyam Trungpa ရဲ့ Cutting Through Spiritual Materialism ကျမ်းရဲ့ အနွယ်ဝင်အနေနဲ့၊ Masters က မိမိကိုယ်ကို စစ်ဆေးအပြစ်တင်ခြင်း၊ လွန်ကဲစွာ ချိုသာယဉ်ကျေးခြင်း၊ ခံစားချက်ခွဲထွက်ခြင်းစတဲ့ ဝိညာဉ်ရေးအမည်ခံထားတဲ့ စိတ်ပညာဆိုင်ရာ ပြဿနာများကို နက်နက်ရှိုင်းရှိုင်း လေ့လာဖော်ထုတ်ပေးထားပါတယ်။
6,500 Ks
80 in stock
Book Details
| color | Black & White |
|---|---|
| Size | A5 |





Reviews
There are no reviews yet.