- စာရေးသူ — Stuart Gibbs
- ထုတ်ဝေသူ — Simon & Schuster Books for Young Readers
- ထုတ်ဝေသည့်နှစ် — 2012
- စီးရီး — Spy School (Book 1)
- အမျိုးအစား — Middle Grade · Spy Adventure · Humor
- အရွယ်အစား — A5 (Black and White)
- ဘာသာစကား — အင်္ဂလိပ်
- ISBN-13 — 9781442421837
Spy School by Stuart Gibbs
CIA သူလျှိုဖြစ်ချင်တဲ့ ၁၂ နှစ်အရွယ် Ben ရဲ့ မထင်မှတ်ဘဲ စတင်ရတဲ့ သူလျှိုကျောင်းဘဝ
Spy School ဟာ အမေရိကန် စာရေးဆရာ Stuart Gibbs ရေးသားထားပြီး Edgar Allan Poe ဆုအတွက် ဆန်ကာတင်ခံရခဲ့တဲ့ ကလေးနဲ့ ဆယ်ကျော်သက်တွေအတွက် ဟာသ သူလျှို စွန့်စားခန်း စီးရီးရဲ့ ပထမဆုံး စာအုပ်ပါ။ အသက် ၁၂ နှစ်အရွယ် Ben Ripley ဟာ CIA သူလျှိုတစ်ယောက် ဖြစ်ချင်တဲ့ အိပ်မက်ရှိပေမယ့် အားကစား မတော်၊ ရဲရင့်တဲ့သူလည်း မဟုတ်ပါဘူး။ သူ့မှာ ရှိတာကတော့ သင်္ချာ တွက်ချက်နိုင်စွမ်း ထူးချွန်တာပါ။
တစ်နေ့မှာ Ben ဟာ CIA ရဲ့ လျှို့ဝှက် သူလျှိုလေ့ကျင့်ရေးကျောင်း Academy of Espionage ကို မမျှော်လင့်ဘဲ ဖိတ်ခေါ်ခံရပါတယ်။ အိပ်မက်တကယ်ဖြစ်လာပြီလို့ ထင်ခဲ့ပေမယ့် ကျောင်းရောက်ပြီး မကြာခင်မှာပဲ အန္တရာယ်တွေ စတင်ကြုံရပြီး သူ ဘာကြောင့် ရွေးချယ်ခံရတာလဲ ဆိုတဲ့ လျှို့ဝှက်ချက်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ကျောင်းရဲ့ အတော်ဆုံး ကျောင်းသူ Erica Hale အပါအဝင် ထူးဆန်းတဲ့ ကျောင်းသားဆရာတွေကြားမှာ Ben ဟာ ကိုယ့်ဉာဏ်ကို အားကိုးပြီး အသက်ရှင်ကျန်ရစ်အောင် ကြိုးစားရပါတယ်။
ရယ်စရာကောင်းတဲ့ ဇာတ်ကြောင်းပြောပုံ၊ မြန်ဆန်တဲ့ အရှိန်အဟုန်နဲ့ ဇာတ်ကွက်လှည့်ကွက်တွေကြောင့် အသက် ၈ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးတွေ စာဖတ်ဝါသနာ ပါလာစေမယ့် စာအုပ်ပါ။ စွန့်စားခန်းနဲ့ သူလျှိုဇာတ်လမ်း ကြိုက်သူတွေအတွက် အထူးသင့်တော်ပါတယ်။
13,000 Ks





Reviews
There are no reviews yet.