- စာရေးသူ: Dan Abnett
- စီးရီး: The Horus Heresy: Siege of Terra (Book 8, Part 1 of 3)
- ထုတ်ဝေသူ: Black Library
- ပထမဆုံး ထုတ်ဝေသည့်နှစ်: 2023
- အမျိုးအစား: Science Fiction / Military SF
- ဘာသာစကား: အင်္ဂလိပ်
- အရွယ်အစား: A5 (Black and White)
The End and the Death: Volume I (The Horus Heresy: Siege of Terra, Book 8, Part 1) by Dan Abnett
ထွက်ပေါက် မရှိတော့ဘူး — Horus Heresy တစ်ခုလုံးရဲ့ နိဂုံးချုပ် စတင်ပါပြီ
“There is no way out.” တံတိုင်းတွေ ကျပြီ၊ တံခါးတွေ ပေါက်ပြီ၊ ခံစစ်သမားတွေ ကျဆုံးကုန်ပြီ။ The End and the Death ဟာ Siege of Terra စီးရီးရဲ့ အဋ္ဌမမြောက်နဲ့ နောက်ဆုံးစာအုပ်ဖြစ်ပြီး စာအုပ် ၆၀ ကျော် ရေးလာခဲ့တဲ့ Horus Heresy ဇာတ်လမ်းကြီးတစ်ခုလုံးရဲ့ အဆုံးသတ်ပါ။ ဇာတ်လမ်းက ကြီးလွန်းလို့ သုံးတွဲခွဲထုတ်ရပြီး ဒါက ပထမတွဲပါ။
ခုနစ်နှစ်ကြာ ပြည်တွင်းစစ်အပြီးမှာ Warmaster Horus Lupercal ဟာ အောင်ပွဲရဲ့ တံခါးဝမှာ ရပ်နေပါပြီ။ တစ်ချိန်က အချစ်ဆုံးသားဖြစ်ခဲ့သူက ဖခင်ကို သတ်ဖို့ ရောက်လာတာပါ။ လူအများအတွက် မျှော်လင့်ချက်မီးရှူးတိုင်၊ တချို့အတွက်တော့ ရက်စက်တဲ့ အာဏာရှင်ဖြစ်တဲ့ Emperor ကတော့ Golden Throne ပေါ်မှာ ချည်နှောင်ခံထားရပြီး အချိန်က ကုန်လုနီးပါပြီ။ အဲ့ဒီအချိန်မှာ Horus ရဲ့ စစ်သင်္ဘော Vengeful Spirit က ကာကွယ်ရေး shield တွေကို ရုတ်တရက် ချလိုက်ပါတယ်။ အမှားလား၊ ဖိတ်ခေါ်မှုလား၊ ထောင်ချောက်လား ဘယ်သူမှ မသိပါဘူး။
Dan Abnett က ဒီတွဲကို အခန်းတိုလေးတွေ အများကြီးနဲ့ ရေးထားပြီး Primarch တွေ၊ Custodian တွေ၊ Space Marine တွေကနေ လမ်းပေါ်က သာမန်စစ်သားနဲ့ ဒုက္ခသည်တွေအထိ ဇာတ်ကောင်ဒါဇင်ချီရဲ့ မြင်ကွင်းကို လှည့်ပြပါတယ်။ ကမ္ဘာပျက်ချိန်ရဲ့ နောက်ဆုံးနာရီတွေကို နေရာအနှံ့ကနေ တစ်ပြိုင်တည်း ကြည့်နေရသလိုပါ။ Horus Rising ကစပြီး နှစ်ပေါင်းများစွာ လိုက်ဖတ်လာသူတွေအတွက် ဇာတ်ကြောင်းဟောင်းတွေ အားလုံး ဒီမှာ ပြန်ဆုံလာတာကို တွေ့ရပါလိမ့်မယ်။
ဒီတွဲက မေးခွန်းတွေ ချပေးပြီး အဖြေကို နောက်နှစ်တွဲမှာ ဆက်ဖတ်ရမှာပါ။ The End and the Death က စာအုပ်တစ်အုပ်တည်းကို သုံးတွဲခွဲထုတ်ထားတာဖြစ်လို့ Volume I, II, III ကို အစဉ်လိုက် ဖတ်ရပါမယ်၊ သုံးတွဲလုံး ဆိုင်မှာ ရနိုင်ပါတယ်။ အရင်စာအုပ်တွေထဲက The Solar War (1)၊ The First Wall (3)၊ Saturnine (4)၊ Mortis (5)၊ Warhawk (6)၊ Echoes of Eternity (7) တို့လည်း ရနိုင်ပါတယ်။ စစ်ပွဲအကြမ်းဖက်မှု ပြင်းထန်တာမို့ လူကြီးစာဖတ်သူတွေအတွက် ပိုသင့်တော်ပါတယ်။
39,500 Ks





Reviews
There are no reviews yet.