The Famous Five Book 3 (Five Run Away Together)

The Famous Five Book 3 — Five Run Away Together

Kirrin Cottage မှာ အခြေအနေတွေ ဆိုးရွားနေပါတယ်။ George ရဲ့ အမေ ဆေးရုံရောက်နေချိန်မှာ အိမ်ကို ထိန်းသိမ်းဖို့ ရောက်လာတဲ့ Stick မိသားစုဟာ ကလေးတွေကို ညှဉ်းဆဲပြီး Timmy ကိုလည်း အန္တရာယ် ပြုပါတယ်။ ဒါကြောင့် ငါးဦးသားဟာ Kirrin Island ဆီ ထွက်ပြေးဖို့ ဆုံးဖြတ်ကြပါတယ် — ဒါပေမယ့် ကျွန်းပေါ်မှာ သူတို့ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ မကြာခင် သိလာရပါတယ်။

Enid Blyton ရဲ့ The Famous Five ဟာ ၁၉၄၂ ကနေ စတင် ထုတ်ဝေခဲ့ပြီး ကမ္ဘာတစ်ဝန်း အုပ်ရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ ကလေး စွန့်စားခန်း စာအုပ်စဉ် ဖြစ်ပါတယ်။ Julian, Dick, Anne, George (Georgina) နဲ့ ခွေး Timmy တို့ ငါးဦးဟာ ကျောင်းပိတ်ရက်တိုင်းမှာ လျှို့ဝှက်ချက်တွေ ဖော်ထုတ်ရင်း စွန့်စားခန်းတွေ ကြုံတွေ့ကြပါတယ်။ ဝါကျ ရိုးရှင်းပြီး ဇာတ်လမ်း မြန်ဆန်လို့ အင်္ဂလိပ်စာ လေ့ကျင့်နေတဲ့ ကလေးတွေအတွက်လည်း အလွန် သင့်တော်ပါတယ်။ အသက် ၇ နှစ်အထက် ကလေးတွေအတွက် ရည်ရွယ်ပါတယ်။

ဆိုင်မှာ အတွဲစုံ ရနိုင်ပါတယ်။

11,500 Ks

About The Author

Enid Blyton

  • စာရေးသူ – Enid Blyton
  • စီးရီး – The Famous Five (Book 3)
  • အမျိုးအစား – Children’s / Adventure / Mystery
  • အရွယ်အစား – A5 (Black and White)
  • ဘာသာစကား – English

Reviews

There are no reviews yet.

Be the first to review “The Famous Five Book 3 (Five Run Away Together)”

Your email address will not be published. Required fields are marked *