စာအုပ်အချက်အလက်များ
- စာအုပ်အမည်: The Flight of the Eisenstein (The Horus Heresy, Book 4)
- စာရေးသူ: James Swallow
- ထုတ်ဝေသည့်နှစ်: ၂၀၀၇ ခုနှစ်၊ မတ်လ
Warhammer 40,000 လောကရဲ့ အစောပိုင်းကာလ၊ သစ္စာဖောက်မှုတွေနဲ့ သွေးချောင်းစီးခဲ့တဲ့ The Horus Heresy ရာဇဝင်ထဲမှာ “The Flight of the Eisenstein” ဟာ စာဖတ်သူတွေကို ရင်တထိတ်ထိတ်ဖြစ်စေမယ့် အလှည့်အပြောင်းတစ်ခုဖြစ်ပါတယ်။ ဒီစာအုပ်ဟာ သစ္စာဖောက်ခံလိုက်ရတဲ့ ညီအစ်ကိုတွေကြားထဲကနေ အမှန်တရားကို သယ်ဆောင်လာတဲ့ စွန့်စားခန်းတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။
Isstvan III ဂြိုဟ်ပေါ်မှာ Warmaster Horus ရဲ့ သစ္စာဖောက်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ Death Guard တပ်ရင်းရဲ့ Captain တစ်ဦးဖြစ်သူ Nathaniel Garro အကြောင်းကို အဓိကထား ရေးသားထားတာပါ။
Horus က ဧကရာဇ် (The Emperor) ကို ပုန်ကန်ဖို့အတွက် သူနဲ့မပူးပေါင်းတဲ့ သစ္စာရှိစစ်သည်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့အခါမှာ Garro ဟာ သူနဲ့အတူ အသက်ရှင်ကျန်ရစ်တဲ့ စစ်သည်တစ်စုကို Eisenstein လို့ခေါ်တဲ့ အာကာသသင်္ဘောပေါ်တင်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ တစ်ခုတည်းပါ— “Warmaster သစ္စာဖောက်နေပြီ” ဆိုတဲ့သတင်းကို Earth (Terra) မှာရှိတဲ့ ဧကရာဇ်ဆီရောက်အောင် သွားရောက်သတိပေးဖို့ပဲ ဖြစ်ပါတယ်။
“သူတို့က ငါတို့ကို သစ္စာဖောက်တွေလို့ ခေါ်ကောင်းခေါ်ကြလိမ့်မယ်။ ဒါပေမဲ့ ငါတို့ကသာ ဧကရာဇ်အပေါ် တကယ်သစ္စာရှိသူတွေပါ။” — Nathaniel Garro
21,000 Ks
79 in stock
Reviews
There are no reviews yet.