- စာရေးသူ — Stephen King
- ထုတ်ဝေသူ — Gallery Books (Simon & Schuster)
- ထုတ်ဝေသည့်နှစ် — 2019
- အမျိုးအစား — Horror · Thriller · Science Fiction
- အရွယ်အစား — A5 (Black and White)
- ဘာသာစကား — အင်္ဂလိပ်
- ISBN-13 — 9781982110581
The Institute by Stephen King
“ဒီမှာ မင်းအပေါ် အမျိုးမျိုး ဖြစ်လာမယ်… တချို့က သိပ်မကောင်းဘူး” — ထွက်ပေါက်မရှိတဲ့ The Institute
The Institute သည် Stephen King ၏ ၂၀၁၉ ခုနှစ် ထုတ် ရင်တမမ horror thriller ဝတ္ထုဖြစ်သည်။ Minneapolis မြို့ရှိ ဉာဏ်ရည်ထူးချွန်သည့် အသက် ၁၂ နှစ်အရွယ် ကောင်လေး Luke Ellis ၏ မိဘများကို ညသန်းခေါင်တွင် ဝင်ရောက်လာသူများက အသံတိတ် သတ်ဖြတ်ပြီး Luke ကို ပြန်ပေးဆွဲခေါ်ဆောင်သွားကြသည်။ Luke နိုးလာသောအခါ သူ့အခန်းနှင့် တစ်ပုံစံတည်းဖြစ်သော်လည်း ပြတင်းပေါက်မရှိသည့် အခန်းတစ်ခန်းထဲ ရောက်နေသည်။
ထိုနေရာမှာ “The Institute” ဖြစ်ပြီး Luke ကဲ့သို့ စိတ်စွမ်းအင် (telekinesis၊ telepathy) အနည်းငယ်စီ ရှိသည့် ကလေးများကို ခိုးယူစုဆောင်းထားသည်။ ဝန်ထမ်းများက ကလေးများ၏ စွမ်းအင်ကို ရက်စက်စွာ ထုတ်ယူအသုံးချကြပြီး နာခံသူကို ဆုချကာ ငြင်းဆန်သူကို ပြင်းထန်စွာ အပြစ်ပေးကြသည်။ ကလေးများ နေထိုင်ရာ “Front Half” မှ “Back Half” သို့ ခေါ်ဆောင်သွားခံရသူ တစ်ယောက်မှ ပြန်မလာကြပေ။ Kalisha၊ Nicky၊ Avery စသည့် မိတ်ဆွေသစ်များနှင့်အတူ Luke သည် တစ်ယောက်မှ မလွတ်မြောက်ဖူးသော ထိုငရဲမှ ထွက်ပြေးပြီး အကူအညီရှာရန် ကြိုးစားရတော့သည်။
ကလေးများ၏ ရဲစွမ်းသတ္တိ၊ မိတ်ဆွေဖွဲ့မှုနှင့် အာဏာရှိသူများ၏ ရက်စက်မှုကို King ၏ ပြင်းထန်သော ဇာတ်ကြောင်းဖြင့် ရေးဖွဲ့ထားပြီး ကလေးများအပေါ် အကြမ်းဖက်မှု ပါဝင်သဖြင့် လူကြီးစာဖတ်သူများအတွက် ပိုသင့်တော်သည်။ Stranger Things နှင့် Firestarter ကို ကြိုက်သူများအတွက် လက်မလွှတ်တမ်း ဖတ်ရမည့် စာအုပ်ဖြစ်သည်။
32,500 Ks
1 in stock





Reviews
There are no reviews yet.