- စာရေးသူ: Chris Wraight
- စီးရီး: The Horus Heresy: Siege of Terra (Book 6)
- ထုတ်ဝေသူ: Black Library
- ပထမဆုံး ထုတ်ဝေသည့်နှစ်: 2021
- အမျိုးအစား: Science Fiction / Military SF
- ဘာသာစကား: အင်္ဂလိပ်
- အရွယ်အစား: A5 (Black and White)
Warhawk (The Horus Heresy: Siege of Terra, Book 6) by Chris Wraight
ခံစစ်ချည်း မနေတော့ဘူး — Jaghatai Khan က Lion’s Gate spaceport ကို ပြန်သိမ်းဖို့ အရဲရင့်ဆုံး ထိုးစစ်ကို ဆင်တော့မယ်
Siege of Terra စီးရီးရဲ့ ဆဋ္ဌမစာအုပ်ပါ။ နန်းတော်ကို ကာနေတဲ့ တပ်တွေ တဖြည်းဖြည်း ကျုံ့လာချိန်မှာ White Scars ရဲ့ Primarch၊ “Chogoris ရဲ့ စစ်သိမ်းငှက်” လို့ ခေါ်ကြတဲ့ Jaghatai Khan က တံတိုင်းနောက်မှာ စောင့်နေတာကို လက်မခံတော့ပါဘူး။ သူ့ရည်မှန်းချက်က ရန်သူ့လက်ထဲ ရောက်နေတဲ့ Lion’s Gate spaceport ကို ပြန်လည်သိမ်းပိုက်ဖို့ပါ။ စစ်ပွဲတစ်ခုလုံးမှာ အရဲရင့်ဆုံးလို့ ဆိုနိုင်တဲ့ ဒီထိုးစစ်အတွက် ဘယ်သူ့ဆီကမှ အကူအညီ မရနိုင်ဘဲ ရှိသမျှအားလုံးကို လောင်းကြေးထပ်ရပါတယ်။
ဆိပ်ကမ်းကို စောင့်နေသူက Khan ရဲ့ ရန်သူဟောင်း၊ Death Guard ရဲ့ Primarch Mortarion ပါ။ အရင်တွေ့ခဲ့တုန်းကနဲ့ မတူတော့ဘဲ အရင်ကထက် အများကြီး ကြီးမားကြောက်မက်ဖွယ် ဖြစ်လာတဲ့သူပါ။ အမြန်နှုန်းနဲ့ လှုပ်ရှားမှုကို အားကိုးတဲ့ White Scars တွေနဲ့ ဘယ်လိုထိထိ မလဲတဲ့ Death Guard တွေ ထိပ်တိုက်တွေ့ကြတဲ့ ဒီတိုက်ပွဲက စာအုပ်ရဲ့ အထွတ်အထိပ်ဖြစ်ပြီး မျက်နှာဖုံးပေါ်က မြင်ကွင်းလည်း အဲ့ဒါပါပဲ။
Scars နဲ့ The Path of Heaven မှာ တွေ့ခဲ့ရတဲ့ Shiban Khan၊ Ilya Ravallion တို့လို ဇာတ်ကောင်တွေရဲ့ ခရီးက ဒီစာအုပ်မှာ အဆုံးသတ်ကို ရောက်လာပါတယ်။ နှစ်ပေါင်းများစွာ တိုက်လာရတဲ့ စစ်သည်တွေ ဘာကို ယုံကြည်လို့ နောက်ဆုံးတစ်ကြိမ် မြင်းစီးထွက်ကြသလဲဆိုတာ Chris Wraight က ကဗျာဆန်ဆန်၊ ရင်နင့်စရာကောင်းအောင် ရေးထားပါတယ်။ တံတိုင်းအတွင်းဘက်မှာတော့ Imperial Fists ရဲ့ Sigismund လို ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းတွေလည်း ဆက်သွားနေပါတယ်။
ဇာတ်လမ်းက Mortis ရဲ့ အဆက်ဖြစ်လို့ စီးရီးကို အစဉ်လိုက် ဖတ်ဖို့ အကြံပြုပါတယ်။ ဆိုင်မှာ The Solar War (Book 1)၊ The First Wall (Book 3)၊ Saturnine (Book 4)၊ Mortis (Book 5)၊ Echoes of Eternity (Book 7) တို့ကို ရနိုင်ပါတယ်။ White Scars တွေရဲ့ ဇာတ်လမ်းကို အစကနေ လိုက်ချင်ရင် စာရေးသူတစ်ယောက်တည်းရဲ့ Scars နဲ့ The Path of Heaven ကို အရင်ဖတ်ဖို့ အကြံပြုပါတယ်၊ နှစ်အုပ်လုံး ဆိုင်မှာ ရနိုင်ပါတယ်။ စစ်ပွဲအကြမ်းဖက်မှု ပြင်းထန်တာမို့ လူကြီးစာဖတ်သူတွေအတွက် ပိုသင့်တော်ပါတယ်။
28,500 Ks





Reviews
There are no reviews yet.