Why has nobody told me this before?

Why Has Nobody Told Me This Before?” သည် ဝါရင့်စိတ်ကျန်းမာရေးပညာရှင် Dr. Julie Smith မှ ရေးသားသော စိတ်ဓာတ်ပိုင်းဆိုင်ရာ လမ်းညွှန်စာအုပ်ဖြစ်သည်။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မကျန်းမာသောစိတ်ခံစားမှုများနှင့် နေ့စဉ်ဘဝက စိန်ခေါ်မှုများကြားမှ ကျန်းမာသောစိတ်နှင့်အတူ ဖြတ်သန်းနိုင်ရန် လက်တွေ့အသုံးချနိုင်သော အကြံဉာဏ်များ၊ စည်းမျဉ်းများကို ပေးထားသည်။

ဒီစာအုပ်သည် စိတ်ကျန်းမာရေးအကြောင်းကို ဆရာဝန်တွေ့ဆုံချိန်အတွင်းမှာသာမက၊ လူတိုင်း နားလည်သဘောပေါက်နိုင်အောင် ရိုးရှင်းပြီး နားလည်လွယ်စေသောစကားလုံးများဖြင့် ရှင်းပြထားသည်။ Dr. Julie သည် TikTok နှင့် လူမှုမီဒီယာပေါ်မှ လူသိများသူတစ်ဦးဖြစ်ပြီး၊ စိတ်ကျန်းမာရေးအကြောင်းအရာများကို အများပြည်သူနားလည်နိုင်အောင် ဆောင်ရွက်ပေးနေသူဖြစ်သည်။

အဓိကအကြောင်းအရာများမှာ

  • စိုးရိမ်မှုကို မည်သို့ထိန်းချုပ်ရမည်

  • စိတ်ညစ်ခြင်းနဲ့ပက်သက်သော အထောက်အကူဖြစ်စေမည့်နည်းလမ်းများ

  • မိမိကိုယ်ကို ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း

  • မိမိစိတ်ဖြစ်စဉ်များကိုနားလည်၍ ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း

  • စိတ်ပင်ပန်းမှုများအတွက် မျှတသော မျှော်မှန်းချက်များထားခြင်း

သင်၏စိတ်ကူးထဲမှာ မျှော်လင့်ခြင်း၊ နားလည်မှုနှင့် ပြန်လည်ထူထောင်မှုကို ရရှိစေနိုင်သော ဤစာအုပ်သည် မိမိကိုယ်ကိုပြန်လည်တန်ဖိုးထားစေလိုသူတိုင်းအတွက် လက်စွဲဖတ်ဖို့အထူးသင့်တော်သည်။

15,000 Ks

99 in stock

SKU: ybs84439 Categories: ,

About The Author

Dr.Julie Smith

Dr.Julie Smith

Dr. Julie Smith သည် ပရော်ဖက်ရှင်နယ် စိတ်ကျန်းမာရေးပညာရှင် (Clinical Psychologist) တစ်ဦးဖြစ်ပြီး၊ ယနေ့ခေတ် လူထုအတွင်း စိတ်ကျန်းမာရေးပညာကို ပျံ့နှံ့အောင် မြှင့်တင်သူတစ်ဦးဖြစ်သည်။ သူမသည် ယူကေနိုင်ငံတွင် လက်မှတ်ရသော စိတ်ပညာပညာရှင်တစ်ဦးဖြစ်ပြီး၊ နှစ်ပေါင်းများစွာ စိတ်ကျန်းမာရေးဒဏ်ခံစားနေရသော လူများအား ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

Dr. Julie သည် လူမှုမီဒီယာပလက်ဖောင်းများ၊ အထူးသဖြင့် TikTok၊ Instagram တို့တွင် လူသိများပြီး၊ စိတ်ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များကို ရိုးရှင်းနားလည်စရာကောင်းအောင် မျှဝေရာတွင် ထူးချွန်သည်။ သူမ၏ မူရင်းရည်ရွယ်ချက်မှာ – စိတ်အခြေအနေဆိုးရွားသောအချိန်များ၌ မည်သူမဆို မိမိကိုယ်တိုင်ပြုလုပ်နိူင်သည့် လက်တွေ့ကျပြီးအသုံးဝင်သော အတတ်ပညာများကို မျှဝေပေးခြင်း ဖြစ်သည်။

စာအုပ်အမည်: Why Has Nobody Told Me This Before?: Expert Advice for Navigating Life’s Challenges
စာရေးသူ: Dr. Julie Smith
ထုတ်ဝေသည့်နှစ်: 2022
ထုတ်ဝေသူ: HarperOne

Reviews

There are no reviews yet.

Be the first to review “Why has nobody told me this before?”

Your email address will not be published. Required fields are marked *