- စာရေးသူ: Tomohito Oda
- စီးရီး: Komi Can’t Communicate (Vol. 1)
- အမျိုးအစား: မန်ဂါ / ကျောင်းဘဝ ဟာသ ရိုမန်စ်
- ဘာသာစကား: ဂျပန်
古見さんは、コミュ症です。(1)( Comisan wa komyusho detsu Japanese version vol 1)
ပြောချင်ပေမယ့် မပြောနိုင်ဘူး — ဒီတုန်လှုပ်နေတဲ့ စိတ်ကို တစ်ဖက်သားက သိသွားရင် ဘယ်လိုလုပ်မလဲ။ လူတိုင်း လှည့်ကြည့်လောက်အောင် လှပတဲ့ အလှမယ်လေး Komi-san (ကိုမိစံ) ဟာ အမှန်တကယ်တော့ လူနဲ့ ဆက်ဆံရေးမှာ အလွန်အားနည်းတဲ့ “communication disorder” ရှိနေသူ ဖြစ်ပါတယ်။
သူမနဲ့ စကားပြောဖို့ပင် ပတ်ဝန်းကျင်က ချဉ်းကပ်ရခက်နေချိန်မှာ “ဘယ်လို စကားစလိုက်ရင် ကောင်းမလဲ”၊ “ပြောပြီးတဲ့နောက် ဘာဆက်လုပ်ရမလဲ” ဆိုပြီး တွေးနေတဲ့ Komi-san နဲ့ ရိုးရှင်းတဲ့ ကောင်လေး Tadano (တဒနို) တို့ မိတ်ဆွေဖြစ်သွားကြရာက ကျောင်းဘဝ ဇာတ်လမ်း စတင်ပါတော့တယ်။
စိတ်နဲ့ လက်ချောင်းလေးတွေတောင် တုန်နေပေမယ့် Komi-san ရဲ့ ပန်းတိုင်ကတော့ သူငယ်ချင်း တစ်ရာဖွဲ့ဖို့ပါပဲ။ ကိုယ်မသိလိုက်ဘဲ ပြုံးမိစေပြီး တစ်ခါတစ်ရံ ရင်ထဲ ထိမိစေတဲ့ ဆက်ဆံရေး ဟာသကာတွန်း ပထမတွဲ ဖြစ်ပါတယ်။
11,500 Ks
80 in stock
.jpg)




Reviews
There are no reviews yet.