- စာရေးသူ: Fiona Baxter, Liz Dilley
- ထုတ်ဝေသူ: Cambridge University Press
- အဆင့်: Cambridge Primary Science, Stage 4 Workbook (2nd Edition)
- အမျိုးအစား: သိပ္ပံ လေ့ကျင့်ခန်းစာအုပ် / မူလတန်း
- ဘာသာစကား: အင်္ဂလိပ်
Cambridge Primary Science Workbook 4 ( 2nd edition )
သိပ္ပံကို လက်တွေ့ လုပ်ကြည့်ရင်း သင်ယူခြင်း
ဒါဟာ Cambridge Primary Science သင်ရိုးရဲ့ အဆင့် (၄) လေ့ကျင့်ခန်းစာအုပ်ဖြစ်ပြီး၊ Learner’s Book ထဲမှာ သင်ကြားပြီးသား သင်ခန်းစာတွေကို ကလေးက ကိုယ်တိုင် ပြန်လုပ်ကြည့်ဖို့အတွက် ရေးဆွဲထားတာပါ။
ဒီစာအုပ်ရဲ့ ထူးခြားချက်က လေ့ကျင့်ခန်းတွေကို Focus၊ Practice နဲ့ Challenge ဆိုပြီး အဆင့်သုံးဆင့် ခွဲထားတာပါ။ ဒါကြောင့် ကလေးတစ်ယောက်ချင်းစီရဲ့ အဆင့်အလိုက် လိုက်လျောညီထွေ လုပ်နိုင်ပြီး၊ တဖြည်းဖြည်း ခက်လာတဲ့ လေ့ကျင့်ခန်းတွေဆီ တက်လှမ်းနိုင်ပါတယ်။
အလွတ်ကျက်ခိုင်းတာမဟုတ်ဘဲ သိပ္ပံပညာရှင်တစ်ယောက်လို စဉ်းစားတတ်၊ လုပ်ဆောင်တတ်လာအောင် လမ်းညွှန်ပေးတာက ဒီသင်ရိုးရဲ့ အဓိက ရည်ရွယ်ချက်ပါ။ ကလေးတွေဟာ မေးခွန်းမေးတတ်၊ ခန့်မှန်းတတ်၊ စမ်းသပ်တတ်လာပါလိမ့်မယ်။
Cambridge Primary သင်ရိုးကို လိုက်နာနေတဲ့ ကျောင်းတွေနဲ့၊ အိမ်မှာ ကလေးကို ကိုယ်တိုင် သင်ပေးချင်တဲ့ မိဘတွေအတွက် အသုံးဝင်ပါတယ်။ ဒါက ဒုတိယထုတ်ဝေမှု (2nd Edition) ပါ။
13,000 Ks
200 in stock





Reviews
There are no reviews yet.