Cannabis and the Christian: What the Bible Says about Marijuana

ကျမ်းစာက ဆေးခြောက်အကြောင်း ဘာပြောထားလဲ။ တိုက်ရိုက်ရည်ညွှန်းထားခြင်းမရှိရင် ခရစ်ယာန်တွေက ဖျော်ဖြေရေးအတွက် ဆေးခြောက်ဥပဒေဘောင်ထဲသို့ ဝင်လာမှုနဲ့ ဆေးဘက်ဆိုင်ရာ ဆေးခြောက်သုံးစွဲမှုတို့ကို ဘယ်လိုနားလည်ရမလဲ။ အတိတ်ကာလက ခရစ်ယာန်တွေက ဆေးခြောက်သုံးစွဲခွင့်ရှိသလား မရှိဘူးလား ဆိုတဲ့ မေးခွန်းကို နိုင်ငံ့ဥပဒေတားမြစ်ချက်ကို ကိုးကားပြီး လွယ်ကူစွာဖြေကြားနိုင်ခဲ့ကြပါတယ်။ ယနေ့ခေတ်မှာတော့ ဒီလိုအဖြေက ရှိတော့မှာမဟုတ်ပါဘူး။

ခရစ်ယာန်တွေဟာ အခုအချိန်မှာ သခင်ယေရှုခရစ်ရဲ့ တပည့်တော်တစ်ဦးအနေနဲ့ တွေးခေါ်ပြီး ဘုရားသခင်ရဲ့ ကျမ်းစာတော်မြတ်ရဲ့ ဉာဏ်ပညာကို လက်တွေ့အသုံးချရမယ့် အချိန်ရောက်ရှိနေပါပြီ။ ဆေးခြောက်ဆိုတာ ကျမ်းစာမှာ တိုက်ရိုက်ဖော်ပြမထားတဲ့အတွက် ၎င်းရဲ့ သဘောသဘာဝနဲ့ လူ့ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ ရှေးဦးစွာ နားလည်ဖို့ လိုအပ်ပါတယ်။ တပည့်တော်ဖြစ်ခြင်း၊ ရောဂါပျောက်ကင်းခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းနဲ့ လူသားဖြစ်ခြင်းအကြောင်း ကျမ်းစာက ဘာဆိုထားလဲဆိုတာလည်း သိဖို့လိုပါတယ်။

Cannabis and the Christian စာအုပ်ထဲမှာ စာရေးသူ Todd Miles က ဖျော်ဖြေရေးအတွက် ဆေးခြောက်သုံးစွဲမှုနဲ့ ပတ်သက်တဲ့ ကျမ်းစာဆိုင်ရာ ဉာဏ်ပညာ၊ ဆေးဘက်ဆိုင်ရာ ဆေးခြောက်သုံးစွဲမှုနဲ့ ပတ်သက်တဲ့ ကျမ်းစာအမြင်၊ ကျမ်းစာတိုက်ရိုက်မဖော်ပြထားတဲ့ အခြားကျင့်ဝတ်ဆိုင်ရာ မေးခွန်းများကို စဉ်းစားနိုင်မယ့် framework တစ်ခုနဲ့ ကျမ်းစာတော်မြတ်ရဲ့ ခိုင်လုံမှုအပေါ် ခိုင်မာစွာ ရပ်တည်ပြီး စိန်ခေါ်မှုများကို တုံ့ပြန်နိုင်မယ့် ယုံကြည်မှုတို့ကို ဖော်ပြပေးထားပါတယ်။

6,500 Ks

80 in stock

Book Details

color

Black & White

Size

A5

About The Author

Todd Miles

  • စာရေးသူ: Todd Miles
  • အမျိုးအစား: ခရစ်ယာန်ဘာသာရေး/ကျင့်ဝတ်ပညာ
  • ဘာသာစကား: အင်္ဂလိပ်

Reviews

There are no reviews yet.

Be the first to review “Cannabis and the Christian: What the Bible Says about Marijuana”

Your email address will not be published. Required fields are marked *