ာအုပ်အမည်No Mud No Lotus
စာရေးသူThich Nhat Hanh
ထုတ်ဝေသည့်နှစ်2014
ထုတ်ဝေသူParallax Press
ဆရာတော် သစ်နတ်ဟန်ရဲ့ “No Mud No Lotus” ဆိုတဲ့ ဒီစာအုပ်က နာမည်လိုပဲ ထူးခြားပြီး အဓိပ္ပာယ်ပြည့်ဝပါတယ်။ ဗေဒါမြေမရှိဘဲ ကြာပန်းလှလှပပ မပွင့်နိုင်သလိုပဲ၊ ကျွန်တော်တို့ရဲ့ ဘဝထဲမှာ ဆင်းရဲဒုက္ခ ဆိုတဲ့ “ဗေဒါမြေ” မရှိဘဲနဲ့ ပျော်ရွှင်မှု ဆိုတဲ့ “ကြာပန်း” ကို မပွင့်စေနိုင်ဘူးလို့ ဆရာတော်က မိန့်ကြားထားပါတယ်။
လူအများစုဟာ ဒုက္ခကို ရှောင်ပြေးချင်ကြတယ်၊ ဖုံးကွယ်ထားချင်ကြတယ်။ ဒါပေမဲ့ ဒီစာအုပ်ကတော့ ဒုက္ခကို မရှောင်ပြေးဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး အသွင်ပြောင်းလဲ ဖို့ လမ်းညွှန်ပေးထားပါတယ်။ ဒုက္ခကို နားလည်အောင်၊ ဖက်တွယ်ထားနိုင်အောင် သင်ယူတဲ့အခါမှာ ဒုက္ခကနေ လွတ်မြောက်မှု၊ စိတ်ကြည်လင်မှုနဲ့ တကယ့်ပျော်ရွှင်မှုကို ဘယ်လိုရရှိနိုင်မလဲဆိုတာကို ရိုးရှင်းပြီး နက်ရှိုင်းတဲ့ အတွေးအမြင်တွေနဲ့ ဖော်ပြပေးထားပါတယ်။
သတိထားရှူရှိုက်ခြင်း (Mindful Breathing)၊ နက်ရှိုင်းစွာ အာရုံစူးစိုက်ခြင်း (Deep Concentration) စတဲ့ လက်တွေ့ကျင့်သုံးမှုတွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ သတိစွမ်းအင် (Energy of Mindfulness) ကို ဘယ်လိုဖန်တီးပြီး၊ အဲဒီစွမ်းအင်နဲ့ နာကျင်မှုတွေကို ဘယ်လို ပွေ့ဖက် နှစ်သိမ့်ပေးနိုင်မလဲဆိုတာကို နူးညံ့သိမ်မွေ့စွာ ရှင်းပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒုက္ခဆိုတာ ပျော်ရွှင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဖြစ်တယ်ဆိုတဲ့ အယူအဆကို စွဲမြဲစွာ နားလည်စေပြီး၊ ဘဝရဲ့ အဖိုးတန် အံ့သြဖွယ်ရာတွေကို တန်ဖိုးထားတတ်လာအောင် လှုံ့ဆော်ပေးမယ့် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါတယ်။
10,000 Ks
| color | Black & White |
|---|---|
| Size | A5 |
ာအုပ်အမည်No Mud No Lotus
စာရေးသူThich Nhat Hanh
ထုတ်ဝေသည့်နှစ်2014
ထုတ်ဝေသူParallax Press
Reviews
There are no reviews yet.