- စာရေးသူ: Dan Abnett
- စီးရီး: The Horus Heresy: Siege of Terra (Book 8, Part 2 of 3)
- ထုတ်ဝေသူ: Black Library
- ပထမဆုံး ထုတ်ဝေသည့်နှစ်: 2023
- အမျိုးအစား: Science Fiction / Military SF
- ဘာသာစကား: အင်္ဂလိပ်
- အရွယ်အစား: A5 (Black and White)
The End and the Death: Volume II (The Horus Heresy: Siege of Terra, Book 8, Part 2) by Dan Abnett
Vengeful Spirit ပေါ်မှာ တစ်ယောက်စီ ကွဲသွားကြပြီ — Sanguinius နဲ့ Horus မျက်နှာချင်းဆိုင်မယ့် ဒုတိယတွဲ
The End and the Death ရဲ့ ဒုတိယတွဲပါ။ Volume I အဆုံးမှာ စခဲ့တဲ့ အရဲရင့်ဆုံး စစ်ဆင်ရေးက အခု Horus ရဲ့ စစ်သင်္ဘော Vengeful Spirit ပေါ်မှာ ဆက်ဖြစ်နေပါတယ်။ ဒါပေမယ့် အစီအစဉ်အတိုင်း ဘာမှ မဖြစ်ပါဘူး။ သင်္ဘောက Chaos ရဲ့ လက်အောက်မှာ သင်္ဘောတစ်စင်းထက် ပိုတဲ့ အရာတစ်ခု ဖြစ်နေပြီး ဝင်လာသူတွေကို တစ်ယောက်စီ ခွဲထုတ်လိုက်ပါတယ်။ အတူတူ တိုက်ဖို့ လာခဲ့ကြသူတွေ အခုတော့ ကိုယ့်လမ်းကိုယ် တစ်ယောက်တည်း ရှာရတော့မှာပါ။
မျက်နှာဖုံးက ပြထားသလိုပဲ ဒီတွဲရဲ့ အလယ်ဗဟိုက Blood Angels ရဲ့ Primarch Sanguinius နဲ့ သူ့အစ်ကို Horus တို့ရဲ့ တွေ့ဆုံမှုပါ။ Horus Heresy ပရိသတ်တွေ ဆယ်စုနှစ်ချီ စောင့်ခဲ့ရတဲ့ အခန်းတွေထဲက တစ်ခုဖြစ်ပြီး Abnett က အဲ့ဒီမျှော်လင့်ချက်ရဲ့ အလေးချိန်ကို သိသိကြီးနဲ့ ရေးထားပါတယ်။
အောက်က Terra မှာတော့ အခြေအနေက ပိုဆိုးလာပါတယ်။ Warp က အမှန်တရားကို ဝါးမျိုနေတာမို့ အချိန်နဲ့ နေရာတောင် ပုံမှန် မဟုတ်တော့ပါဘူး။ နန်းတော်ရဲ့ နောက်ဆုံးခံတပ်တွေမှာ ကျန်ရစ်သူတွေက ကောင်းကင်ပေါ်က တိုက်ပွဲရဲ့ ရလဒ်ကို မသိဘဲ နောက်ထပ် တစ်နာရီ၊ နောက်ထပ် တစ်မိနစ် တောင့်ခံနေကြရပါတယ်။ Volume I လိုပဲ အခန်းတိုတွေနဲ့ မြင်ကွင်းအများကြီး လှည့်ပြတဲ့ ပုံစံမို့ စာမျက်နှာတွေ မြန်မြန်ကုန်ပါလိမ့်မယ်။
သုံးတွဲထဲမှာ စိတ်အလှုပ်ရှားရဆုံးတွဲလို့ ပရိသတ်အများက ပြောကြပြီး အဆုံးသတ်ကို Volume III မှာ ဆက်ဖတ်ရမှာပါ။ The End and the Death က စာအုပ်တစ်အုပ်တည်းကို သုံးတွဲခွဲထုတ်ထားတာဖြစ်လို့ Volume I, II, III ကို အစဉ်လိုက် ဖတ်ရပါမယ်၊ သုံးတွဲလုံး ဆိုင်မှာ ရနိုင်ပါတယ်။ အရင်စာအုပ်တွေထဲက The Solar War (1)၊ The First Wall (3)၊ Saturnine (4)၊ Mortis (5)၊ Warhawk (6)၊ Echoes of Eternity (7) တို့လည်း ရနိုင်ပါတယ်။ စစ်ပွဲအကြမ်းဖက်မှု ပြင်းထန်တာမို့ လူကြီးစာဖတ်သူတွေအတွက် ပိုသင့်တော်ပါတယ်။
39,500 Ks





Reviews
There are no reviews yet.