- စာရေးသူ — Heather Morris
- ထုတ်ဝေသူ — Zaffre
- ထုတ်ဝေသည့်နှစ် — 2018
- စီးရီး — The Tattooist of Auschwitz (Book 1)
- အမျိုးအစား — Historical Fiction · Based on a True Story
- အရွယ်အစား — A5 (Black and White)
- ဘာသာစကား — အင်္ဂလိပ်
- ISBN-13 — 9781785763670
The Tattooist of Auschwitz by Heather Morris
Auschwitz ရဲ့ မှောင်မိုက်မှုကြားမှာ ပွင့်ခဲ့တဲ့ အချစ်၊ အသက်ရှင်ကျန်ရစ်ခြင်းနဲ့ စွန့်လွှတ်မှုရဲ့ ဖြစ်ရပ်မှန်အခြေခံ ဝတ္ထု
The Tattooist of Auschwitz ဟာ ဩစတြေးလျ စာရေးဆရာမ Heather Morris ရေးသားခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အရောင်းရဆုံး စာအုပ်တွေထဲ ပါဝင်ခဲ့တဲ့ ဝတ္ထုပါ။ ဒုတိယကမ္ဘာစစ်အတွင်း Auschwitz-Birkenau အကျဉ်းစခန်းကို ပို့ဆောင်ခံခဲ့ရတဲ့ Slovakia နိုင်ငံသား ဂျူးလူမျိုး Lale Sokolov ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Morris ဟာ Lale ကိုယ်တိုင်နဲ့ နှစ်ပေါင်းများစွာ တွေ့ဆုံ မေးမြန်းပြီးမှ ဒီဇာတ်လမ်းကို ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။
စခန်းထဲမှာ Lale ဟာ အကျဉ်းသားတွေရဲ့ လက်မောင်းပေါ်မှာ အသက်မဲ့ နံပါတ်တွေကို ဆေးမင်ကြောင်ထိုးပေးရတဲ့ “tattooist” တာဝန်ကို ထမ်းဆောင်ရပါတယ်။ တစ်နေ့မှာ သူ နံပါတ်ထိုးပေးရတဲ့ မိန်းကလေး Gita နဲ့ မြင်မြင်ချင်း ချစ်မိသွားပြီး သူမနဲ့အတူ အသက်ရှင်ကျန်ရစ်မယ်လို့ ကိုယ့်ကိုယ်ကို ကတိပြုပါတယ်။ ရရှိထားတဲ့ အနည်းငယ် လွတ်လပ်ခွင့်ကို အသုံးချပြီး အသက်ကို ရင်းကာ အခြားအကျဉ်းသားတွေအတွက် အစားအစာ ခိုးသွင်းပေးတဲ့ သူ့ရဲ့ သတ္တိနဲ့ စွန့်လွှတ်မှုတွေကိုလည်း ရေးဖွဲ့ထားပါတယ်။
လူသားတွေရဲ့ ရက်စက်မှု အဆိုးဆုံးကာလကြားမှာတောင် မျှော်လင့်ချက်၊ ကြင်နာမှုနဲ့ အချစ်ဟာ ဘယ်လို ရှင်သန်နိုင်လဲဆိုတာကို ရိုးရှင်းပေမယ့် ရင်ထဲထိအောင် ပြသထားတဲ့ စာအုပ်ပါ။ နောက်ဆက်တွဲ Cilka’s Journey ကိုလည်း ရေးသားခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ TV စီးရီးအဖြစ်လည်း ရိုက်ကူးခဲ့ပါတယ်။ သမိုင်းဝင် ဝတ္ထုနဲ့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းတွေကို နှစ်သက်သူတွေ မဖတ်မဖြစ် ဖတ်သင့်ပါတယ်။
16,000 Ks





Reviews
There are no reviews yet.