- စာရေးသူ – Priyanka Chopra Jonas
- ထုတ်ဝေသူ – Ballantine Books
- ထုတ်ဝေသည့်နှစ် – 2021
- အမျိုးအစား – ကိုယ်ရေးမှတ်တမ်း (Memoir / Biography)
- စာမျက်နှာ – 256
- အရွယ်အစား – A5 (Black and White)
- ဘာသာစကား – English
- ISBN-13 – 9781984819215
Unfinished: A Memoir by Priyanka Chopra Jonas
အိန္ဒိယမြို့ငယ်လေးတစ်ခုက ကောင်မလေးတစ်ယောက် ကမ္ဘာကို ရောက်သွားပုံ
Priyanka Chopra Jonas ဟာ ဗောလီးဝုဒ်နဲ့ ဟောလိဝုဒ် နှစ်ခုစလုံးမှာ အောင်မြင်ခဲ့တဲ့ ရှားရှားပါးပါး သရုပ်ဆောင်တစ်ယောက်ပါ။ ဒါပေမယ့် ဒီစာအုပ်က အောင်မြင်မှုစာရင်းကို ချပြတဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ ရှိခဲ့တဲ့ ကြောက်ရွံ့မှု၊ သံသယ၊ ရှုံးနိမ့်မှုနဲ့ ပြန်ထတဲ့ အကြိမ်တွေအကြောင်း သူ့ကိုယ်သူ ရိုးရိုးသားသား ပြန်ပြောပြထားတဲ့ ကိုယ်ရေးမှတ်တမ်းပါ။
အိန္ဒိယနိုင်ငံက စစ်ဘက်ဆရာဝန် မိဘနှစ်ပါးရဲ့ သမီးအဖြစ် မွေးဖွားခဲ့ပြီး နေရာအနှံ့ ပြောင်းရွှေ့နေထိုင်ရင်း ကြီးပြင်းခဲ့ရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အမေရိကန်နိုင်ငံကို ရောက်သွားပြီး ဆွေမျိုးတွေနဲ့အတူ နေထိုင်ကာ ကျောင်းတက်ခဲ့ရာမှာ အသားအရောင်နဲ့ လူမျိုးအရ နှိမ့်ချခံရမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်နေရာမှာမှ မဆံ့သလို ခံစားခဲ့ရတဲ့ အဲဒီအချိန်တွေအကြောင်းကို ဖုံးမကွယ်ဘဲ ရေးထားတာက ဒီစာအုပ်ရဲ့ အားကောင်းဆုံးအပိုင်းတွေထဲက တစ်ခုပါ။
အသက် ၁၈ နှစ်မှာ Miss World ဆုကို ဆွတ်ခူးရရှိပြီးနောက် ရုပ်ရှင်လောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ ဗောလီးဝုဒ်မှာ ထိပ်တန်းသရုပ်ဆောင်ဖြစ်လာပြီးမှ အကုန်လုံးကို ချန်ထားခဲ့ကာ အမေရိကမှာ အစကနေ ပြန်စခဲ့ပါတယ်။ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ Quantico နဲ့ အမေရိကန် ရုပ်သံလိုင်းကြီးတစ်ခုရဲ့ ဇာတ်ဆောင်မင်းသမီးအဖြစ် ဦးဆောင်ခဲ့တဲ့ ပထမဆုံး တောင်အာရှသူ ဖြစ်လာခဲ့ပါတယ်။ ကိုယ့်နာမည် အမှန်အတိုင်း အသံထွက်ဖို့ ငြင်းခုံခဲ့ရတဲ့ အဖြစ်အပျက်တွေကအစ ပါဝင်ပါတယ်။
ဖခင်ဖြစ်သူ ကင်ဆာရောဂါနဲ့ ဆုံးရှုံးခဲ့ရတဲ့ အခန်းတွေဟာ စာအုပ်ထဲမှာ အနက်ရှိုင်းဆုံးအပိုင်းတွေပါ။ လက်ကောက်ဝတ်မှာ ထိုးထားတဲ့ “Daddy’s lil girl” ဆိုတဲ့ ဖခင်ရဲ့ လက်ရေးက မျက်နှာဖုံးပုံမှာတောင် မြင်နိုင်ပါတယ်။ ထို့အပြင် UNICEF သဘောထားစေတနာအမှူး အဖြစ် ကလေးသူငယ်များအတွက် လုပ်ဆောင်ခဲ့မှုတွေ၊ Nick Jonas နဲ့ အိမ်ထောင်ပြုခဲ့ပုံတွေကိုလည်း ရေးထားပါတယ်။
စာအုပ်ရဲ့ အမည် Unfinished — “မပြီးဆုံးသေး” ဆိုတာက အဓိပ္ပာယ်ရှိပါတယ်။ ဘဝဆိုတာ ပြီးပြည့်စုံတဲ့ ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘဲ ဆက်ရေးနေဆဲ စာမူတစ်ခုပါလို့ သူပြောပါတယ်။ ကိုယ့်နေရာကို ကိုယ်တိုင် ရှာဖွေရင်း ရုန်းကန်နေရသူတိုင်းအတွက်၊ အထူးသဖြင့် အမျိုးသမီးငယ်တွေအတွက် အားတက်စရာ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
New York Times bestseller စာရင်းဝင် ဖြစ်ခဲ့ပါတယ်။
20,000 Ks





Reviews
There are no reviews yet.