- စာရေးသူ: James O’Loghlin
- အမျိုးအစား: ကိုယ်ပိုင်ဖွံ့ဖြိုးရေး (Self-Help)
- ဘာသာစကား: အင်္ဂလိပ်
How to balance Your Life by James O’Loghlin
လူတိုင်းလိုလိုက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာဘဝကို ဟန်ချက်ညီအောင် နေထိုင်ချင်ကြပေမယ့် လက်တွေ့မှာတော့ အချိန်ဆိုတာ အားလုံးအတွက် အကန့်အသတ်ရှိနေတာကို ကြုံတွေ့နေရပါတယ်။ James O’Loghlin ရေးသားတဲ့ How to Balance Your Life က ဒီလိုမျှတတဲ့ဘဝတစ်ခုကို ဘာကြောင့် လူအများစု အကောင်အထည်မဖော်နိုင်ကြသလဲဆိုတဲ့ မေးခွန်းကနေ စတင်ပြီး၊ အိမ်ချေးကြေးဆပ်ရင်း၊ အလုပ်ချိန်တွေထဲ ပြေးလွှားနေရင်းနဲ့ မိသားစုအတွက်ရော ကိုယ့်ကိုယ်ကိုယ်ရော အချိန်ရအောင် ဘယ်လိုစီမံနိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။
စာရေးသူက ဝင်ငွေမလျော့စေဘဲ ဘဝကို ဟန်ချက်ညီအောင် နေနိုင်မယ့်နည်းလမ်းများ၊ အလုပ်ရှင်နှင့် အလုပ်ချိန်ပုံစံပြောင်းလဲရေး ညှိနှိုင်းနည်းများ၊ စီးပွားရေးအခြေအနေ မည်သို့ပင်ရှိနေစေကာမူ မိမိအလုပ်ကို မိမိအတွက် အကျိုးရှိအောင် လုပ်ဆောင်နည်းများ၊ ကိုယ်ပိုင်လုပ်ငန်းရှင်များအတွက် Work-Life Balance ရှာဖွေနည်းများနှင့် အလုပ်ပင်ပန်းလွန်းနေသူများအတွက် ဖြေရှင်းချက်များအထိ လက်တွေ့ကျကျ အကြံပြုထားပါတယ်။
ဒီစာအုပ်ဟာ ဟိုအလုပ်ကနေ ထွက်ပြီး ကျေးလက်ကို ပြောင်းရွှေ့ကာ ဟင်းသီးဟင်းရွက် စိုက်ပျိုးပါဆိုတဲ့ လွယ်ကူလွန်းတဲ့ အကြံပေးမျိုးမဟုတ်ဘဲ၊ လူတိုင်းအမှန်တကယ် လိုချင်နေတဲ့ “အချိန်” ကို ပိုမိုရရှိစေဖို့ အဆင့်ဆင့် လက်တွေ့လိုက်နာနိုင်တဲ့ လမ်းညွှန်တစ်အုပ် ဖြစ်ပါတယ်။
8,000 Ks
80 in stock
Book Details
| color | Black & White |
|---|---|
| Size | A5 |





Reviews
There are no reviews yet.