Blog

Venus in the Blind Spot — Junji Ito ရဲ့ လက်ရွေးစင် ထိတ်လန့်ဇာတ်လမ်းတိုများ စုစည်းမှု

Horror manga လောကမှာ Junji Ito ဆိုတဲ့ နာမည်ကို မကြားဖူးသေးရင် ဒီစာအုပ်ကနေ စဖတ်သင့်တယ်လို့ ကမ္ဘာတစ်ဝန်းက စာဖတ်သူတွေ ညွှန်းလေ့ရှိကြပါတယ်။ Venus in the Blind Spot ဟာ ဆရာ Ito ရဲ့ ဆယ်စုနှစ်သုံးခုကျော် ဖန်တီးမှုတွေထဲက အကောင်းဆုံးလက်ရာတွေကို စုစည်းထားတဲ့ best-of collection ဖြစ်ပြီး၊ ထုတ်ဝေတဲ့နှစ်မှာကတည်းက ကမ္ဘာ့ horror manga စာရင်းတွေရဲ့ ထိပ်ဆုံးကို တန်းရောက်သွားခဲ့ပါတယ်။ တစ်ပုဒ်ချင်းစီက သီးခြားလွတ်လပ်တဲ့ ဇာတ်လမ်းတိုတွေဖြစ်လို့ ဘယ်စာမျက်နှာကနေ ဖွင့်ဖတ်ဖတ် ချက်ချင်း နစ်မြုပ်သွားနိုင်တာက ဒီစာအုပ်ရဲ့ အားသာချက်ပါ။

Venus in the Blind Spot

စာအုပ်ထဲမှာ Ito ပရိသတ်တွေ အမြတ်တနိုးတန်ဖိုးထားတဲ့ The Enigma of Amigara Fault ဇာတ်လမ်း ပါဝင်ပါတယ်။ ငလျင်လှုပ်ပြီးနောက် တောင်ကမ်းပါးမှာ ပေါ်လာတဲ့ လူပုံသဏ္ဌာန် အပေါက်တွေဆီ လူတွေက အလိုလို ဆွဲဆောင်ခံရတဲ့ ဒီဇာတ်လမ်းဟာ အင်တာနက်ပေါ်မှာ နှစ်ပေါင်းများစွာ ပြောစမှတ်ဖြစ်နေဆဲပါ။ ဒါ့အပြင် ဂျပန် mystery စာရေးဆရာကြီး Edogawa Ranpo ရဲ့ The Human Chair ကို manga အဖြစ် ပြန်လည်ဖန်တီးထားတာ၊ မျက်စိရဲ့ blind spot ထဲမှာပဲ ရှင်သန်နေတဲ့ အလှတရားအကြောင်း ခေါင်းစဉ်ဇာတ်လမ်း Venus in the Blind Spot စတဲ့ ပုဒ်ရေတွေလည်း စုံစုံလင်လင် ပါဝင်ပါတယ်။

ဒီစာအုပ်ရဲ့ ထူးခြားချက်က Ito ရဲ့ ပင်ကိုယ်စွမ်းရည် အမျိုးမျိုးကို တစ်နေရာတည်းမှာ မြင်ရတာပါပဲ။ စိတ်ပညာဆန်တဲ့ ကြောက်စရာ၊ ခန္ဓာကိုယ်ပုံပျက်သွားတဲ့ body horror၊ နားလည်လို့မရတဲ့ ကံကြမ္မာဆိုးတွေ — အားလုံးကို သူ့ရဲ့ အသေးစိတ်ကျကျ ရေးဆွဲထားတဲ့ မင်တံစွန်းလက်ရာနဲ့ တင်ဆက်ထားပါတယ်။ စာမျက်နှာတစ်ချပ်လှန်လိုက်တိုင်း မမျှော်လင့်ထားတဲ့ ပုံရိပ်တစ်ခုက ရုတ်တရက် မျက်လုံးထဲ ဝင်လာတတ်တာဟာ Ito ရဲ့ လက်ရာကို တခြားဘယ် horror ဖန်တီးရှင်နဲ့မှ မတူအောင် ခွဲခြားပေးထားပါတယ်။

quote

Junji Ito ကို စစချင်း ဖတ်ကြည့်ချင်သူတွေအတွက်ရော၊ သူ့လက်ရာတွေကို စုဆောင်းနေတဲ့ ပရိသတ်အစစ်တွေအတွက်ပါ ဒီစာအုပ်က တန်ဖိုးရှိပါတယ်။ ညဘက် အိပ်ရာဝင်ခါနီး ဖတ်မယ်ဆိုရင်တော့ အိပ်မက်ထဲ ပါသွားနိုင်တာကို ကြိုသတိပေးထားချင်ပါတယ်။ Yangon Book Shop မှာ English edition အလှဆုံး hardcover နဲ့ ရနိုင်ပါပြီ။

📖 Venus in the Blind Spot — Junji Ito

ဈေးနှုန်း — 24,500 Ks

Online မှာ ဝယ်ယူရန် →

Junction Square (2nd Floor) ☎ 09 759 788 734 · Junction City (4th Floor) ☎ 09 698 706 533 ဆိုင်ခွဲများမှာလည်း ဝယ်ယူနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!