ဘောလုံးအကြောင်း manga ဖြစ်ပေမယ့်၊ Blue Lock ဟာ ပုံမှန် sports manga တွေနဲ့ လုံးဝ မတူပါဘူး။ အသင်းအတွက် စည်းလုံးညီညွတ်မှုထက်၊ ကိုယ်ကျိုးစီးပွား၊ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲကို အလေးပေး ဖော်ပြထားတဲ့အတွက် sports manga ဝါသနာရှင်တွေကြားမှာ အ viral ဖြစ်ခဲ့တာပါ။

ကမ္ဘာ့ဖလားမှာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတဲ့ ဂျပန် ဘောလုံးအဖွဲ့ချုပ်က၊ ကမ္ဘာ့အကောင်းဆုံး တစ်ဦးတည်းသော ဂိုးသွင်းသမား (striker) ကို ဖန်တီးဖို့ “Blue Lock” ဆိုတဲ့ ပြင်းထန် ရက်စက်တဲ့ လေ့ကျင့်ရေး စခန်းကြီး တစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။ လူငယ် သုံးရာကျော်ကြားကနေ အကောင်းဆုံး တစ်ဦးတည်း ရှင်သန် ကျန်ရစ်ဖို့ အပြိုင်အဆိုင် တိုက်ပွဲဝင်ရတဲ့ ဇာတ်လမ်းပါ။
ဒီစာအုပ်ရဲ့ ဆွဲဆောင်မှုကတော့ ဘောလုံး ကစားကွက်တွေ သက်သက် မဟုတ်ဘဲ၊ ဇာတ်ကောင်တွေရဲ့ ရည်မှန်းချက်၊ စိတ်ဓာတ်နဲ့ အနိုင်ရဖို့ ဆာလောင်မှု (hunger) ကို အလေးပေး ဖော်ပြထားတာပါ။ ကိုယ့်ကိုယ်ကို ကျော်လွှားပြီး အကောင်းဆုံး ဖြစ်ဖို့ ဘာ လုပ်ရဲသလဲ ဆိုတဲ့ မေးခွန်းက စာဖတ်သူကိုပါ စွဲမက်စေပါတယ်။

ဘောလုံး ဝါသနာရှင်၊ ယှဉ်ပြိုင်မှု ဇာတ်လမ်းကို ကြိုက်နှစ်သက်သူ၊ ဒါမှမဟုတ် အန်နီမေး ကြောင့် ဒီစီးရီးကို သိရှိ စိတ်ဝင်စားလာသူတွေအတွက် ဒီ Volume 1 က အကောင်းဆုံး အစ ဖြစ်ပါတယ်။ စိတ်ဓာတ်ကို လှုံ့ဆော်ပေးတဲ့ sports manga တစ်ခု ရှာနေတယ်ဆိုရင် မလွတ်သင့်ပါဘူး။
☎ 09759788734 / 09698706533 · 🕑 နေ့စဉ် 9:00 AM – 7:00 PM