The Cat and the City ရဲ့ စာရေးဆရာ Nick Bradley ရဲ့ Four Seasons in Japan ဟာ “စာအုပ်ထဲက စာအုပ်” ပုံစံနဲ့ ရေးထားတဲ့ ထူးခြားပြီး နွေးထွေးတဲ့ ဝတ္ထုပါ။ Before the Coffee Gets Cold၊ Days at the Morisaki Bookshop လို ဂျပန်နောက်ခံ healing fiction တွေကို ချစ်သူတွေကြားမှာ မကြာသေးခင်က အမြန်ဆုံး ရေပန်းစားလာတဲ့ စာအုပ်ဖြစ်ပြီး Yangon Book Shop မှာလည်း အခုရောင်းအား တက်လာနေပါတယ်။

တိုကျိုမှာ နေထိုင်တဲ့ အမေရိကန် ဘာသာပြန် စာရေးဆရာမ Flo ဟာ အလုပ်မှာ ပိတ်မိနေသလို ခံစားရပြီး ဘဝရဲ့ ဦးတည်ချက် ပျောက်နေချိန်မှာ လူစည်ကားတဲ့ မြေအောက်ရထားပေါ်မှာ တစ်စုံတစ်ယောက် မေ့ကျန်ခဲ့တဲ့ ဂျပန်ဘာသာ ဝတ္ထုတစ်အုပ်ကို ကောက်ရပါတယ်။ စာရေးဆရာ နာမည်လည်း မသိ၊ ဘယ်မှာမှ ထုတ်ဝေထားတာ ရှာမတွေ့ပေမယ့် ဖတ်ကြည့်ရာကနေ ချက်ချင်း စွဲလမ်းသွားပြီး အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Flo ဘာသာပြန်နေတဲ့ ဝတ္ထုထဲမှာတော့ တိုကျိုမှာ ပြဿနာတွေ ဖြစ်ခဲ့ပြီး ပင်လယ်ကမ်းခြေမြို့လေး Onomichi မှာ အဘွားနဲ့ အတူ နေဖို့ ပို့ခံရတဲ့ လူငယ် Kyo နဲ့ တစ်ယောက်တည်း နေထိုင်တဲ့ အဘွား Ayako တို့ရဲ့ ဇာတ်လမ်း ပါပါတယ်။ စည်းကမ်းကြီးပြီး အတိတ်ရဲ့ ဒဏ်ရာတွေ သိုဝှက်ထားတဲ့ Ayako နဲ့ ဦးတည်ချက်မဲ့ Kyo ဟာ ရာသီလေးရာသီ အတူ နေရင်း တစ်ယောက်ကို တစ်ယောက် ကုစားပေးကြပါတယ်။ Flo ဟာ ဘာသာပြန်ရင်း ကိုယ့်ဘဝနဲ့ ဇာတ်လမ်းကြား ဆက်စပ်မှုတွေကို တွေ့ရှိလာပြီး စာရေးသူ ဘယ်သူလဲ ရှာဖွေရပါတော့တယ်။

ဒီဝတ္ထုရဲ့ အလှက ဂျပန်ရဲ့ ရာသီလေးခု — ချယ်ရီပွင့်ချိန်၊ နွေရာသီ ပွဲတော်၊ ဆောင်းဦး သစ်ရွက်နီ၊ နှင်းကျချိန် — ကို ဇာတ်ကောင်တွေရဲ့ ခံစားချက် ပြောင်းလဲမှုနဲ့ ယှဉ်ပြီး ဖော်ပြထားတာပါ။ ဘာသာပြန်ခြင်း၊ စာရေးခြင်း၊ မျိုးဆက်နှစ်ခုကြား ဆက်ဆံရေးအကြောင်း နူးညံ့စွာ ရေးဖွဲ့ထားပြီး ဂျပန်ကို ခရီးသွားချင်စိတ် ပေါ်လာစေပါတယ်။
Before the Coffee Gets Cold၊ The Convenience Store by the Sea လို ဂျပန် healing fiction ကြိုက်သူ၊ ဘာသာပြန် စာရေးသူ၊ ဂျပန်ကို ချစ်သူ၊ ဘဝ လမ်းဆုံမှာ ရပ်နေတဲ့ သင့်လို စာဖတ်သူတွေအတွက် ဒီစာအုပ်က နွေးထွေးတဲ့ အဖော်ပါ။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀