ပင်လယ်ထဲက ငါးတွေ သံခြေထောက်တွေနဲ့ ကုန်းပေါ်တက်လာရင် ဘယ်လိုနေမလဲ။ ဒီလို ထူးဆန်းလွန်းတဲ့ မေးခွန်းကနေ Junji Ito ဟာ သူ့ရဲ့ အထင်ရှားဆုံး ဇာတ်လမ်းရှည်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ Gyo ကို ဖန်တီးခဲ့ပါတယ်။ ပထမစာမျက်နှာကနေ နောက်ဆုံးအထိ ရပ်လို့မရအောင် ဆွဲခေါ်သွားတဲ့ ဒီဇာတ်လမ်းဟာ Ito ရဲ့ လက်ရာတွေထဲမှာ အရှိန်အပြင်းဆုံးလို့ ဆိုနိုင်ပါတယ်။

ဇာတ်လမ်းက Okinawa ကမ်းခြေမှာ အပန်းဖြေနေတဲ့ စုံတွဲတစ်တွဲ ပုပ်စော်နံတဲ့ အနံ့ဆိုးတစ်ခုနဲ့အတူ ထူးဆန်းတဲ့ ငါးတစ်ကောင်ကို တွေ့လိုက်ရာကနေ စပါတယ်။ မကြာခင်မှာပဲ စက်ခြေထောက်တွေတပ်ထားတဲ့ ငါးတွေ၊ ငါးမန်းတွေ အုပ်လိုက် ကုန်းပေါ်တက်လာပြီး မြို့တွေကို သိမ်းပိုက်ပစ်ပါတယ်။ အဲဒီစက်ယန္တရားတွေရဲ့ ဇာစ်မြစ်နဲ့ death-stench လို့ခေါ်တဲ့ သေမင်းအနံ့ဆိုးရဲ့ လျှို့ဝှက်ချက်တွေက ဒုတိယကမ္ဘာစစ်ကာလ လက်ရာဆိုးတွေဆီ ပြန်ဆက်သွယ်နေပါတယ်။ Deluxe Edition မှာ Volume ၁ နဲ့ ၂ အပြည့်အစုံအပြင် ဘောနပ်စ်ဇာတ်လမ်းတိုတွေပါ ပါဝင်ပါတယ်။
Gyo ရဲ့ ထူးခြားချက်က ကြောက်စရာကို မျက်လုံးနဲ့တင်မက နှာခေါင်းနဲ့ပါ ခံစားရအောင် ဖန်တီးထားတာပါ။ စာမျက်နှာတွေထဲက ပုပ်စော်နံတဲ့အနံ့ကို ဖတ်ရင်း ရနေသလို ခံစားရတယ်လို့ စာဖတ်သူတွေ ပြောလေ့ရှိကြပါတယ်။ သဘာဝသတ္တဝါနဲ့ စက်ယန္တရား ရောယှက်နေတဲ့ ပုံရိပ်တွေကို Ito ရဲ့ အသေးစိတ်ကျတဲ့ လက်ရာနဲ့ ဆွဲထားတာက body horror ဝါသနာရှင်တွေအတွက် မမေ့နိုင်စရာပါ။

ဇာတ်လမ်းတိုတွေထက် ဇာတ်လမ်းရှည်တစ်ပုဒ်ကို အစအဆုံး နစ်မြုပ်ဖတ်ချင်တဲ့ စာဖတ်သူတွေအတွက် Gyo ဟာ အထူးသင့်တော်ပါတယ်။ ဟောလိဝုဒ် monster ကားတွေ ကြိုက်သူတွေဆိုရင် ပိုသဘောကျမှာပါ။ တစ်အုပ်တည်းနဲ့ ဇာတ်လမ်းအပြည့်အစုံရတဲ့ deluxe hardcover မို့ စုဆောင်းထားရကျိုးနပ်ပါတယ်။
📖 Gyo (Deluxe Edition, Vol. 1+2) — Junji Ito
ဈေးနှုန်း — 30,000 Ks
Junction Square (2nd Floor) ☎ 09 759 788 734 · Junction City (4th Floor) ☎ 09 698 706 533 ဆိုင်ခွဲများမှာလည်း ဝယ်ယူနိုင်ပါတယ်။