Horimiya Vol.1

အချစ်ဇာတ်လမ်းအများစုက “နှစ်ယောက် တွဲမလား မတွဲဘူးလား” ဆိုတာနဲ့ အတွဲလိုက် ဆွဲထားတတ်ပေမယ့် Horimiya ကတော့ မတူပါဘူး။ နှစ်ယောက်ကြားက ဆက်ဆံရေး တကယ် တည်ဆောက်လာပုံ၊ သူငယ်ချင်းအုပ်စုတစ်ခုလုံးရဲ့ နေ့စဉ်ဘဝ၊ ကျောင်းသားဘဝရဲ့ သေးငယ်ပေမယ့် အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့်တွေကို နွေးထွေးစွာ ရေးဖွဲ့ထားလို့ romance manga ကြိုက်သူတွေကြားမှာ “အချစ်ဆုံး” လို့ ပြောကြတဲ့ စီးရီးပါ။

Horimiya Vol.1 English Version Manga
Horimiya Vol.1 English Version Manga — HERO · Daisuke Hagiwara

Kyoko Hori ဟာ ကျောင်းမှာ ချောမော၊ တော်ပြီး လူကြိုက်များတဲ့ ကျောင်းသူအဖြစ် လူသိများပါတယ်။ ဒါပေမယ့် ကျောင်းပြီးတာနဲ့ သူမရဲ့ တကယ့်ဘဝက မိဘတွေ အလုပ်များလို့ ညီငယ်လေးကို ထိန်းကျောင်းရင်း အိမ်အလုပ်တွေ လုပ်နေရတဲ့ အိမ်ရှင်မလေးလိုပါ။ Izumi Miyamura ကတော့ ကျောင်းမှာ မျက်မှန်ထူထူနဲ့ ဆံပင်ရှည်ရှည်၊ စကားနည်းတဲ့ အထီးကျန်ကောင်လေးလို့ အတန်းဖော်တွေ ထင်ထားကြတဲ့သူပါ။

တစ်နေ့မှာ ဒဏ်ရာရနေတဲ့ Hori ရဲ့ ညီလေးကို အိမ်ပြန်ပို့ပေးတဲ့ ချောမောတဲ့ လူငယ်တစ်ယောက် တံခါးဝမှာ ရောက်လာပါတယ်။ နားကွင်းတွေ အများကြီး တပ်ထားပြီး လက်မောင်းမှာ ဆေးမင်ကြောင်တွေ ထိုးထားတဲ့ အဲဒီသူက Miyamura ဖြစ်နေတာကို Hori အံ့ဩစွာ သိလိုက်ရပါတယ်။ Miyamura ကလည်း ကျောင်းက ပြီးပြည့်စုံတဲ့ Hori ဟာ အိမ်မှာ အင်္ကျီ ရိုးရိုး ဝတ်ပြီး ဆံပင် ဖရိုဖရဲနဲ့ ဖြစ်နေတာကို မြင်လိုက်ရပါတယ်။ တစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို တစ်ယောက်က သိသွားတဲ့နေ့ကစပြီး နှစ်ယောက်ကြားမှာ ဘယ်သူမှ မသိတဲ့ ချစ်ခင်မှုတစ်ခု ပွင့်လာပါတယ်။

Horimiya Vol.1

Horimiya ရဲ့ အလှက ဇာတ်ကောင်တွေရဲ့ ရိုးသားမှုပါ။ Miyamura ရဲ့ အထီးကျန်ခဲ့တဲ့ အတိတ်၊ Hori ရဲ့ ပွင့်လင်းပေမယ့် တစ်ခါတစ်ရံ ဒေါသထွက်တတ်တဲ့ စရိုက်၊ အတန်းဖော်တွေရဲ့ ကိုယ်စီ အချစ်ရေး ပြဿနာတွေကို ရယ်စရာ၊ ရင်ထဲ နွေးစရာ ရေးထားပါတယ်။ အထင်လွဲမှုတွေကို အတွဲလိုက် ဆွဲမထားဘဲ ဇာတ်ကောင်တွေ ဖွင့်ပြောကြတာက ဖတ်ရတာ စိတ်သက်သာစေပါတယ်။ HERO ရဲ့ မူရင်း webcomic ကို Daisuke Hagiwara က ပုံပြန်ဆွဲထားလို့ panel တွေက သန့်ရှင်းလှပပါတယ်။

ပင်ပန်းတဲ့ နေ့တစ်နေ့ အဆုံးမှာ ပြုံးပြီး ဖတ်လို့ရမယ့် manga တစ်ခု လိုချင်သူ၊ Kimi ni Todoke၊ Ao Haru Ride လို ကျောင်းအချစ်ဇာတ်လမ်း ကြိုက်သူတွေအတွက် ဒီစာအုပ်က သင့်တော်လှပါတယ်။ anime ကို ကြည့်ပြီးသူတွေလည်း manga မှာ anime ထည့်မထားတဲ့ နွေးထွေးတဲ့ အခန်းလေးတွေ အများကြီး တွေ့ရပါလိမ့်မယ်။

Manga · School Romance / Slice of Life
Horimiya Vol.1
18,500 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!