- စာရေးသူ: Jen Calonita
- စီးရီး: Fairy Tale Reform School — Switched (Vol. 4)
- အမျိုးအစား: ကလေး/ဆယ်ကျော်သက်စိတ်ကူးယဉ် / စွန့်စားခန်း
- ဘာသာစကား: အင်္ဂလိပ်
Fairy Tale Perform School, Switched
ဆရာ၊ ဆရာမများ ကိုယ်တိုင်က (နဂိုက) လူဆိုးများဖြစ်ကြသည့် ချစ်ခင်နှစ်သက်ဖွယ် Fairy Tale Reform School စီးရီး၏ စတုတ္ထတွဲဖြစ်သည်။ ပြုပြင်မလား၊ ပြန်ဆိုးမလား။ Fairy Tale Reform School တွင် အရာရာ ကောင်းမွန်နေသည်။ Rumpelstiltskin ကို နှင်ထုတ်လိုက်ပြီး Beauty နှင့် Prince Sebastian (Beast) တို့ ဆရာအဖွဲ့တွင် ပါဝင်လာသည့်အကြောင်း လူတိုင်း ဝမ်းသာအားရ ပြောဆိုနေကြသည်။
သို့သော် Gilly (ဂျီလီ) ကတော့ မပါ။ သူသည် ညီမ Anna အကြောင်းမှလွဲ၍ ဘာကိုမှ အာရုံစိုက်နိုင်ခြင်းမရှိ။ သူ၏ ချစ်လှစွာသော ညီမသည် မည်သို့ ဆိုးသွားပြီး Rump နှင့် ပူးပေါင်းသွားရသနည်း။ ဘာကြောင့် ဘယ်သူမှ ဂရုမစိုက်ကြသနည်း။ Royal Court က ဖြေရှင်းနေပါသည်ဟု ဆိုသော်လည်း ထူးခြားသည့် ရလဒ်တစ်စုံတစ်ရာ မပြနိုင်ကြ။
သို့သော် ကျောင်းသားသစ် Jack သည် မိမိမိသားစုကိုလည်း Rump က ဖမ်းဆီးသွားသည့်အကြောင်း ပြောပြလာသောအခါ Gilly သည် ကောင်းသောမိတ်ဆွေတစ်ဦး ရရှိလိုက်သည်ဟု သိလိုက်သည်။ Royal Court က မဖြေရှင်းနိုင်လျှင် စည်းကမ်းချို့ဖောက်ရတော့မည့်အချိန် ရောက်လာပြီထင်ပါသည်။
10,500 Ks
80 in stock






Reviews
There are no reviews yet.