🚚 ရန်ကုန်တစ်မြို့လုံး အိမ်အရောက် ပို့ပေးပါသည် · Junction Square 2F · Junction City 4F · နေ့စဉ် 9:00–19:00

Tag: Novel

Hidden Pictures

Hidden Pictures

The Impossible Fortress ရဲ့ စာရေးဆရာ Jason Rekulak ရဲ့ Hidden Pictures ဟာ ၂၀၂၂ မှာ ထုတ်ဝေပြီး ချက်ချင်း အရောင်းရဆုံးစာရင်း ဝင်ခဲ့ကာ thriller ဝါသနာရှင်တွေကြားမှာ “ဒီနှစ်ရဲ့ အထူးဆန်းဆုံး စာအုပ်” လို့ ပြောစမှတ်ပြုခံရပါတယ်။ ထူးခြားချက်ကတော့ ဇာတ်လမ်းထဲက ကလေးရဲ့ ပုံတွေကို စာအုပ်ထဲမှာ တကယ့်ပုံအဖြစ် ထည့်ထားတာဖြစ်ပြီး ပုံတစ်ပုံ ကြည့်လိုက်တိုင်း ကျောချမ်းစေတဲ့ စာဖတ်ခြင်း အတွေ့အကြုံ အသစ်တစ်မျိုးကို ပေးပါတယ်။

Continue Reading →

What You Are Looking For Is in the Library

What You Are Looking For Is in the Library

ဂျပန်စာရေးဆရာမ Michiko Aoyama ရဲ့ What You Are Looking For Is in the Library ဟာ ၂၀၂၀ မှာ ဂျပန်ဘာသာနဲ့ ထွက်ရှိပြီး ဂျပန်မှာ စာအုပ်ဆိုင်ဝန်ထမ်းတွေ ရွေးချယ်တဲ့ Japan Booksellers’ Award မှာ ထိပ်ပိုင်းနေရာ ရခဲ့ကာ ၂၀၂၃ မှာ Alison Watts ရဲ့ English ဘာသာပြန်နဲ့ ကမ္ဘာ့စာဖတ်သူတွေဆီ ရောက်လာခဲ့ပါတယ်။ Before the Coffee Gets…

Continue Reading →

The Poppy War

The Poppy War

Babel နဲ့ Yellowface တို့ကြောင့် ယနေ့ နာမည်ကြီး စာရေးဆရာမ ဖြစ်နေတဲ့ R. F. Kuang ရဲ့ ပထမဆုံး ဝတ္ထု The Poppy War ဟာ ၂၀၁၈ မှာ ထုတ်ဝေခဲ့ပြီး Nebula ဆုအပါအဝင် fantasy ဆုကြီး အတော်များများမှာ ဆန်ကာတင် ဖြစ်ခဲ့ပါတယ်။ Kuang ဟာ ဒီစာအုပ်ကို တက္ကသိုလ် ကျောင်းသူ ဘဝမှာပဲ စရေးခဲ့တာဖြစ်ပြီး နှစ်ဆယ်ရာစု တရုတ်သမိုင်းကို အခြေခံထားတဲ့ ဒီ trilogy…

Continue Reading →

A Thousand Boy Kisses

A Thousand Boy Kisses

ဗြိတိသျှ စာရေးဆရာမ Tillie Cole ရဲ့ A Thousand Boy Kisses ဟာ ၂၀၁၆ မှာ ထုတ်ဝေခဲ့ပေမယ့် နှစ်အတော်ကြာပြီးမှ BookTok ပေါ်မှာ စာဖတ်သူတွေ ငိုရင်း ပြန်လည် မျှဝေကြတဲ့ ဗီဒီယိုတွေကြောင့် ကမ္ဘာတစ်ဝှမ်း ပြန်လည် ရေပန်းစားလာခဲ့တဲ့ စာအုပ်ပါ။ “ဒီနှစ် ဖတ်ဖူးသမျှထဲ အငိုရဆုံး” လို့ စာဖတ်သူ အများအပြား ပြောကြတဲ့ ဒီဝတ္ထုဟာ ပထမအချစ်၊ ကတိ၊ ဆုံးရှုံးခြင်းကို နူးညံ့စွာ ရေးဖွဲ့ထားပြီး ဒီစာရင်းမှာ ပါဝင်ရတာကလည်း…

Continue Reading →

The Fault in Our Stars

The Fault in Our Stars

၂၀၁၂ မှာ ထုတ်ဝေခဲ့တဲ့ John Green ရဲ့ The Fault in Our Stars ဟာ New York Times အရောင်းရဆုံးစာရင်း နံပါတ်တစ်ကို ရောက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အုပ်ရေ သန်းနဲ့ချီ ရောင်းချခဲ့ကာ ၂၀၁၄ မှာ Shailene Woodley နဲ့ Ansel Elgort တို့ သရုပ်ဆောင်တဲ့ ရုပ်ရှင်အဖြစ်ပါ ရိုက်ကူးခဲ့ပါတယ်။ ဆယ်ကျော်သက် ဝတ္ထုတွေကို လူကြီးတွေပါ လိုက်ဖတ်လာအောင် တံခါးဖွင့်ပေးခဲ့တဲ့ စာအုပ်တွေထဲ ပါဝင်ပြီး…

Continue Reading →

Powerless

Powerless

Lauren Roberts ရဲ့ Powerless ဟာ BookTok ပေါ်မှာ ပေါက်ကွဲပြီး ၂၀၂၃ မှာ Simon & Schuster က ထုတ်ဝေခဲ့ကာ New York Times အရောင်းရဆုံးစာရင်း ဝင်ခဲ့တဲ့ YA romantasy — fantasy နဲ့ romance ပေါင်းစပ်ထားတဲ့ — trilogy ရဲ့ ပထမစာအုပ်ပါ။ နောက်ဆက်တွဲ Reckless နဲ့ Fearless တို့နဲ့အတူ လူငယ် စာဖတ်သူတွေ တန်းစီဖတ်ကြတဲ့ စီးရီး…

Continue Reading →

Shadow and Bone

Shadow and Bone

Leigh Bardugo ရဲ့ ပထမဆုံး ဝတ္ထု Shadow and Bone (၂၀၁၂) ဟာ နောက်ပိုင်း Six of Crows၊ King of Scars စတဲ့ စီးရီးတွေ ဆက်တိုက် ပေါ်ထွက်လာတဲ့ Grishaverse ကမ္ဘာကြီးရဲ့ အစ ဖြစ်ပါတယ်။ ၂၀၂၁ မှာ Netflix က Shadow and Bone ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးခဲ့လို့ ကမ္ဘာတစ်ဝှမ်းက လူငယ်တွေ ဒီမူရင်းစာအုပ်ကို ပြန်ရှာဖတ်လာကြပါတယ်။

Continue Reading →

Six of Crows

Six of Crows

Leigh Bardugo ရဲ့ Six of Crows (၂၀၁၅) ဟာ Grishaverse ကမ္ဘာထဲက စီးရီးတွေအနက် ပရိသတ်တွေ အချစ်ဆုံးလို့ ပြောကြတဲ့ ဝတ္ထုဖြစ်ပြီး Netflix ရဲ့ Shadow and Bone ဇာတ်လမ်းတွဲမှာ ဒီအဖွဲ့ရဲ့ ဇာတ်ကောင်တွေ ပါဝင်လာတဲ့အခါ လူသိ ပိုများလာခဲ့ပါတယ်။ Ocean’s Eleven လို ခိုးမှုဇာတ်လမ်းကို မှော်ကမ္ဘာထဲ ထည့်ထားတာပါ။ (ဒီ listing မှာ Manga အမျိုးအစားထဲ ရောက်နေပေမယ့် တကယ်တော့ English…

Continue Reading →

The Shining

The Shining

Stephen King ရဲ့ ၁၉၇၇ ဝတ္ထု The Shining ဟာ ခေတ်သစ် ကြောက်စရာ စာပေရဲ့ ဂန္ထဝင်တွေထဲ ပါပြီး ၁၉၈၀ မှာ Stanley Kubrick က Jack Nicholson ပါဝင်တဲ့ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ကာ ကမ္ဘာ့ အကျော်ကြားဆုံး horror ရုပ်ရှင်တွေထဲ ရောက်ခဲ့ပါတယ်။ စိတ်ဝင်စားစရာက King ကိုယ်တိုင် အဲဒီရုပ်ရှင်ကို မကြိုက်ခဲ့တာပါ — ဝတ္ထုက ရုပ်ရှင်နဲ့ တော်တော် ကွာခြားပါတယ်။ ၂၀၁၃ မှာ…

Continue Reading →

Misery

Misery

Stephen King ရဲ့ ၁၉၈၇ ဝတ္ထု Misery ဟာ နတ်ဆိုး၊ သရဲ မပါဘဲ လူသားတစ်ယောက်တည်းနဲ့ စာဖတ်သူကို အကြောက်ဆုံး ဖြစ်စေတဲ့ King ရဲ့ လက်ရာပါ။ ၁၉၉၀ မှာ Rob Reiner က ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီး Annie Wilkes အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kathy Bates ဟာ အကောင်းဆုံး မင်းသမီး Oscar ဆုကို ရခဲ့ပါတယ်။ “number one fan” ဆိုတဲ့…

Continue Reading →

error: Content is protected !!