The Apothecary Diaries Vol.1

ဒီနှစ်ပိုင်းမှာ manga ဆိုင်တွေရော anime platform တွေမှာပါ နာမည်အကြီးဆုံး ဇာတ်လမ်းတစ်ခုက The Apothecary Diaries ပါ။ သွေးထွက်သံယို တိုက်ပွဲ မပါဘဲ ဉာဏ်ရည်၊ ဆေးဖက်ဝင် အပင်ပညာနဲ့ နန်းတွင်း လျှို့ဝှက်ချက်တွေနဲ့ပဲ ဖတ်သူကို ဆွဲထားနိုင်တဲ့ စာအုပ်မို့ manga အသစ်ဖတ်သူတွေအတွက်ရော detective ဇာတ်လမ်း ကြိုက်သူတွေအတွက်ပါ အထူး ညွှန်းချင်တဲ့ စီးရီးပါ။

The Apothecary Diaries Vol.1 (English Version Manga)
The Apothecary Diaries Vol.1 (English Version Manga) — Natsu Hyuuga · Nekokurage

ဇာတ်လိုက်မင်းသမီး Maomao ဟာ ပျော်ပါးရာ ရပ်ကွက်မှာ ဆေးဆရာ ဖခင်မွေးစားအောက်မှာ ကြီးပြင်းလာရင်း ဆေးဖက်ဝင် အပင်နဲ့ အဆိပ်ပညာမှာ ထူးချွန်လာတဲ့ မိန်းကလေးပါ။ တစ်နေ့မှာ သူမကို ပြန်ပေးဆွဲပြီး ဧကရာဇ်ရဲ့ နန်းတွင်းဆောင်ထဲကို အောက်တန်းစား အစေခံအဖြစ် ရောင်းချလိုက်ပါတယ်။ Maomao ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါတယ် — လူမသိအောင် နေပြီး စာချုပ်ကာလ ပြည့်တာနဲ့ အိမ်ပြန်ဖို့ပါ။ ဒါပေမယ့် နန်းတွင်းမှာ မင်းသားမင်းသမီးငယ်လေးတွေ တစ်ပါးပြီးတစ်ပါး ဖျားနာနေတဲ့ “ကျိန်စာ” ကောလာဟလကို ကြားလိုက်တဲ့အခါ သူမ မနေနိုင်တော့ပါဘူး။

Maomao က အကြောင်းရင်းဟာ ကျိန်စာ မဟုတ်ဘဲ နေ့စဉ် သုံးနေတဲ့ အလှကုန်ထဲက အဆိပ်ဖြစ်ကြောင်း သဘောပေါက်ပြီး အမည်မဖော်ဘဲ သတိပေးစာတစ်စောင် ထားခဲ့ပါတယ်။ ဒါပေမယ့် ချောမောလှပတဲ့ နန်းတော်အရာရှိ Jinshi က စာရေးသူကို ရှာတွေ့သွားပြီး သူမကို မြင့်မြတ်တဲ့ ကိုယ်လုပ်တော်တစ်ပါးရဲ့ အစားအသောက် အဆိပ်စမ်းသူအဖြစ် ခန့်အပ်လိုက်ပါတယ်။ အဲဒီကစပြီး နန်းတွင်းမှာ ဖြစ်ပေါ်တဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို Maomao တစ်ယောက် ဆေးပညာ ဗဟုသုတနဲ့ တစ်ခုပြီးတစ်ခု ဖြေရှင်းရပါတော့တယ်။

The Apothecary Diaries Vol.1

ဒီဇာတ်လမ်းကို အရမ်း စွဲမက်စရာ ဖြစ်စေတာက Maomao ရဲ့ စရိုက်ပါ။ သူမဟာ ချစ်ဇာတ်လမ်းထဲက မင်းသမီးလို ရှက်ရွံ့နေတာ မဟုတ်ဘဲ အဆိပ်အမျိုးအစားသစ် တွေ့ရင် မျက်လုံးတောက်ပလာတဲ့၊ Jinshi ရဲ့ ချောမောမှုကို မျက်နှာအေးအေးနဲ့ လျစ်လျူရှုတတ်တဲ့ ထူးခြားသူပါ။ အဲဒီ ဆန့်ကျင်ဘက် ဆက်ဆံရေးက ဇာတ်လမ်းတစ်လျှောက်လုံး ရယ်မောစရာ ဖန်တီးပေးပါတယ်။ Nekokurage ရဲ့ ပုံဆွဲဟန်ကလည်း ရှေးတရုတ်ဟန် နန်းတော်၊ ဝတ်စုံနဲ့ အပင်တွေကို အသေးစိတ် လှပစွာ ဖော်ပြထားပါတယ်။

Sherlock Holmes လို ကျိုးကြောင်းဆင်ခြင်ပြီး ဖြေရှင်းရတဲ့ ဇာတ်လမ်းကို ကြိုက်သူ၊ သမိုင်းဝင် နန်းတွင်းဇာတ်လမ်းတွေကို နှစ်သက်သူ၊ ဒါမှမဟုတ် ဖြည်းဖြည်းချင်း ရင့်မှည့်လာတဲ့ အချစ်ဇာတ်လမ်းကို စောင့်ဖတ်ချင်သူ မည်သူမဆို ဒီစာအုပ်ကို ကြိုက်မိပါလိမ့်မယ်။ Vol.1 ကနေ စတင်ပြီး Maomao နဲ့အတူ နန်းတော်ရဲ့ လျှို့ဝှက်ချက်တွေကို လိုက်ဖော်ကြည့်ပါ။

Manga · Historical Mystery
The Apothecary Diaries Vol.1
18,500 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!