Blog

Wotakoi: Love Is Hard for Otaku Vol.1

ရုံးဝန်ထမ်း Narumi ဟာ ကိုယ့် fujoshi ဝါသနာကို လုပ်ဖော်ကိုင်ဖက်တွေ မသိအောင် အသေအလဲ ဖုံးကွယ်ထားရသူပါ။ ရုံးအသစ် ပြောင်းလိုက်တော့ ငယ်သူငယ်ချင်း Hirotaka နဲ့ ပြန်ဆုံပါတယ် — သူကတော့ ကိုယ့် gamer ဘဝကို ဘယ်တုန်းကမှ မဖုံးကွယ်ခဲ့သူပါ။ အရက်ဝိုင်းတစ်ခုအပြီးမှာ Hirotaka က ရိုးရိုးလေး အဆိုပြုလိုက်ပါတယ် — ငါနဲ့ တွဲရင် ဂိမ်းလည်း အတူဆော့လို့ရတယ်၊ ဝါသနာလည်း ဖွက်စရာမလိုဘူး တဲ့။

Wotakoi: Love Is Hard for Otaku Vol.1 English Version Manga
Wotakoi: Love Is Hard for Otaku Vol.1 English Version Manga — Fujita

Wotakoi ရဲ့ ထူးခြားချက်က ဇာတ်ကောင်တွေ အားလုံး လူကြီးတွေ ဖြစ်နေတာပါ။ ကျောင်းသားချစ်ဇာတ်လမ်းတွေမှာ တွေ့နေကျ ရင်ခုန်စရာ အထင်အမြင်လွဲမှုမျိုး မဟုတ်ဘဲ၊ အလုပ်ပန်းလာတဲ့ ညနေခင်းတွေမှာ အတူ ဂိမ်းဆော့ရင်း၊ manga အသစ်ထွက်တဲ့နေ့ အတူတန်းစီရင်း ဖြည်းဖြည်းချင်း နီးစပ်လာကြတဲ့ ပုံစံပါ။

ဟာသကလည်း otaku ယဉ်ကျေးမှုကို သိသူတွေအတွက် သီးသန့် ချိန်ထားသလိုပါပဲ — ဂိမ်း reference တွေ၊ convention သွားတဲ့ အခန်းတွေ၊ ဝါသနာချင်း မတူတဲ့ စုံတွဲနှစ်တွဲရဲ့ ကွဲပြားမှုတွေက ဖတ်ရင်း ပြုံးနေရပါတယ်။

Wotakoi: Love Is Hard for Otaku Vol.1

အချစ်ဇာတ်လမ်းဆိုပေမယ့် စိတ်ဖိစီးမှု လုံးဝမရှိတဲ့ စာအုပ်မျိုးပါ။ တစ်နေ့တာ ပင်ပန်းပြီးချိန်မှာ ဖတ်ဖို့ အသင့်တော်ဆုံးလို့ ဆိုရပါမယ်။

ဒါက ပထမတွဲပါ။ Anime ကြည့်ဖူးပြီး မူရင်းကို ဖတ်ချင်နေသူတွေလည်း ဒီကနေ စနိုင်ပါတယ်။

Manga · Romance / Comedy
Wotakoi: Love Is Hard for Otaku Vol.1
22,000 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!