San Magnolia သမ္မတနိုင်ငံဟာ ရန်သူ့စက်ရုပ်တပ်တွေနဲ့ စစ်ဖြစ်နေပေမယ့် ‘လူသားအသေအပျောက် သုညနဲ့ စစ်နိုင်နေတယ်’ လို့ နေ့တိုင်း ကြေညာပါတယ်။ အမှန်ကတော့ နယ်စပ်ရဲ့ အပြင်ဘက် 86 ခေါ်တဲ့ ဒေသမှာ လူမျိုးရေးခွဲခြားခံထားရတဲ့ လူငယ်တွေဟာ လူသားအဖြစ်တောင် အသိအမှတ်မပြုခံရဘဲ နေ့တိုင်း သေနေကြတာပါ။ အရာရှိမလေး Lena ဟာ အဲဒီတပ်ဖွဲ့ကို အဝေးကနေ ကွပ်ကဲရသူအဖြစ် တာဝန်ကျလာပြီး၊ တပ်မှူး Shin နဲ့ အသံချင်း ဆက်သွယ်ရာကနေ အမှန်တရားတွေကို တစ်ခုချင်း သိလာပါတယ်။

Asato Asato ရဲ့ 86 ဟာ light novel ဆိုတဲ့ စကားလုံးကြားရင် မျှော်လင့်ထားတတ်တဲ့ ပေါ့ပါးမှုမျိုး လုံးဝမဟုတ်ပါဘူး။ စစ်ပွဲရဲ့ တကယ့်အရသာ၊ propaganda ရဲ့ အလုပ်လုပ်ပုံ၊ လူတစ်ယောက်ကို လူမဟုတ်တော့အောင် လုပ်တဲ့ စနစ်တွေအကြောင်း လေးလေးနက်နက် ရေးထားတဲ့ military drama ပါ။
ဒီစီးရီးက ဂျပန်မှာ ဆုတွေအများကြီး ရခဲ့ပြီး anime ကလည်း အောင်မြင်ခဲ့ပါတယ်။ Anime ကြည့်ပြီးသူတွေက မူရင်း novel မှာ ပိုနက်တဲ့ အသေးစိတ်တွေ ရှိတယ်လို့ တညီတညွတ်တည်း ပြောကြပါတယ်။

Lena နဲ့ Shin ကြားက အသံသက်သက်နဲ့ တည်ဆောက်ရတဲ့ ဆက်ဆံရေးက ဒီစာအုပ်ရဲ့ နှလုံးသားပါ — မျက်နှာမမြင်ဖူးတဲ့ လူနှစ်ယောက်ကြားက ယုံကြည်မှုက စစ်မြေပြင်ရဲ့ ရက်စက်မှုကြားမှာ ပိုတောက်ပပါတယ်။
ဒါက စီးရီးရဲ့ ပထမတွဲပါ။ SF နဲ့ စစ်ဇာတ်လမ်း ကြိုက်သူတွေသာမက ဇာတ်ကောင်စိတ်ခံစားမှု လေးနက်တာကို ရှာနေသူတွေပါ ဖတ်သင့်ပါတယ်။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀