Shen Yuan ဟာ ညံ့ဖျင်းလွန်းတဲ့ web novel တစ်ပုဒ်ကို ဆူဆူညံညံ ဝေဖန်ရင်း သေဆုံးသွားပြီး အဲဒီ novel ထဲမှာပဲ ပြန်နိုးလာပါတယ်။ ပိုဆိုးတာက သူရောက်နေတာ ဇာတ်လိုက်နေရာ မဟုတ်ဘဲ ဇာတ်လမ်းအရ အသေဆိုးနဲ့ သေရမယ့် လူကြမ်းဆရာ Shen Qingqiu ရဲ့ နေရာပါ။ သူ့တပည့် Luo Binghe ဟာ နောင်တစ်ချိန် ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်လာပြီး ဆရာကို ပြန်လက်စားချေမှာမို့၊ Shen Yuan မှာ ရွေးစရာတစ်ခုပဲ ရှိပါတယ် — ဇာတ်လမ်းကို ပြောင်းပစ်ဖို့ပါ။

ဒါက MXTX ရဲ့ ပထမဆုံး လက်ရာဖြစ်ပြီး သူ့စာအုပ်သုံးအုပ်ထဲမှာ အဟာသဆန်ဆုံးပါ။ Web novel လောကရဲ့ cliché တွေကို အတွင်းလူတစ်ယောက်အနေနဲ့ လှောင်ထားတာမို့ transmigration ဇာတ်လမ်းတွေ ဖတ်ဖူးသူဆိုရင် ရယ်လို့ မဆုံးနိုင်ပါဘူး။
ဒါပေမယ့် ဟာသသက်သက်တော့ မဟုတ်ပါဘူး။ ဇာတ်လမ်းက ရှေ့ဆက်လေလေ system ရဲ့ စည်းမျဉ်းတွေ၊ ဇာတ်ကောင်တွေရဲ့ ခံစားချက်အစစ်တွေက ပေါ်လာလေလေမို့ နောက်ပိုင်းတွဲတွေမှာ မျက်ရည်ဝဲရတဲ့ အခန်းတွေလည်း ပါလာပါတယ်။

MXTX သုံးအုပ်ထဲမှာ အတိုဆုံး စီးရီးဖြစ်လို့ danmei novel ကို စစချင်းစမ်းဖတ်ချင်သူအတွက် အဝင်လွယ်ဆုံးလည်း ဖြစ်ပါတယ်။
ဆိုင်မှာ Vol.1 နဲ့ Vol.4 ရှိပါတယ် — ကြားတွဲတွေ လိုချင်ရင် ဆိုင်ကို ကြိုဆက်သွယ်ထားလို့ ရပါတယ်။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀