Black Paradox

Uzumaki၊ Tomie၊ Gyo တို့နဲ့ ကမ္ဘာ့ horror manga လောကကို သိမ်းပိုက်ထားတဲ့ Junji Ito ဟာ အမေရိကန် comic လောကရဲ့ ဂုဏ်အရှိဆုံး Eisner Award ကို အကြိမ်ကြိမ် ရရှိထားသူပါ။ Black Paradox ကတော့ သူ့လက်ရာတွေထဲမှာ နည်းနည်း ထူးခြားပါတယ် — သရဲခြောက်တဲ့ ဇာတ်လမ်း မဟုတ်ဘဲ သိပ္ပံစိတ်ကူးယဉ်အငွေ့အသက်နဲ့ “ဝိညာဉ်ဆိုတာ ဘာလဲ” လို့ မေးခွန်းထုတ်တဲ့ တစ်အုပ်တည်း ပြီးဆုံးတဲ့ ဇာတ်လမ်းရှည် ဖြစ်ပြီး VIZ Media က အင်္ဂလိပ်ဘာသာနဲ့ ၂၀၂၂ မှာ ထုတ်ဝေခဲ့ပါတယ်။

Black Paradox by Junji Ito
Black Paradox by Junji Ito — Junji Ito

ဇာတ်လမ်းက Black Paradox လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်တစ်ခုကနေ စပါတယ်။ ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားသူ လေးယောက်ဟာ အဲဒီမှာ ဆုံမိပြီး အတူတူ ခရီးထွက်ဖို့ ချိန်းကြပါတယ်။ အနာဂတ်ကို အမြဲ ပူပန်ကြောက်ရွံ့နေတဲ့ သူနာပြု Maruso၊ ကိုယ့်နဲ့ ချွတ်စွပ်တူသူတစ်ယောက်က လိုက်ခြောက်လှန့်နေတဲ့ Taburo၊ ကိုယ့်ပုံတူ စက်ရုပ်ကို ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ Pii-tan နဲ့ မျက်နှာပေါ်က အမှတ်ကြီးကြောင့် စိတ်ဆင်းရဲနေတဲ့ Baracchi တို့ပါ။ ဒါပေမယ့် အရာရာဟာ သူတို့ စီစဉ်ထားသလို ဖြစ်မလာပါဘူး။

သေဖို့ ကြိုးစားတိုင်း ထူးဆန်းတဲ့ အနှောင့်အယှက်တွေ ကြုံရရင်း လေးယောက်သားဟာ လူ့လောကနဲ့ မတူတဲ့ တခြားတစ်ဖက်ကို ဆက်သွယ်ထားတဲ့ တံခါးပေါက်တစ်ခုနဲ့ အဲဒီဘက်က ထွက်လာတဲ့ လှပတောက်ပတဲ့ ကျောက်တုံးလေးတွေကို ရှာတွေ့သွားပါတယ်။ ဒီကျောက်တွေရဲ့ တန်ဖိုးကို လောကကြီးက သိသွားတဲ့အခါ သေချင်နေခဲ့တဲ့ လူလေးယောက်ဟာ ရုတ်တရက် ကမ္ဘာ့အာရုံစိုက်မှုရဲ့ ဗဟိုချက် ဖြစ်လာပါတယ်။ ကျောက်တွေက တကယ်တော့ ဘာလဲ ဆိုတဲ့ အဖြေကိုတော့ သင်ကိုယ်တိုင် ဖတ်ပြီး ရှာတွေ့တာ အကောင်းဆုံးပါ။

Black Paradox

လူ့ခန္ဓာကိုယ်ကို မဖြစ်နိုင်တဲ့ပုံစံနဲ့ ပြောင်းလဲပစ်တဲ့ Ito ရဲ့ body horror ပုံတွေဟာ ဒီစာအုပ်မှာလည်း အပြည့်အဝ ပါပါတယ်။ ဒါပေမယ့် ကြောက်စရာ အကောင်းဆုံးက သရဲ မဟုတ်ဘဲ စွမ်းအင်နဲ့ အကျိုးအမြတ်အတွက် ဘာမဆို လုပ်ရဲတဲ့ လူ့လောဘ ဖြစ်နေတာကို တဖြည်းဖြည်း သတိထားမိလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းဟာ ဇာတ်လမ်းရဲ့ အခြေခံ အကြောင်းအရာ ဖြစ်ပြီး ထိတ်လန့်ဖွယ် ပုံတွေလည်း ပါလို့ အသက်ငယ်သူတွေနဲ့ ဒီအကြောင်းအရာအပေါ် စိတ်ထိခိုက်လွယ်သူတွေအတွက် မသင့်တော်ပါဘူး။

Uzumaki၊ Remina၊ Gyo လို Junji Ito ရဲ့ ဇာတ်လမ်းရှည်တွေကို ကြိုက်ပြီးသားသူ၊ Parasyte လို သိပ္ပံနဲ့ horror ရောထားတဲ့ manga နှစ်သက်သူ၊ အတွဲတွေ အများကြီး မလိုက်ချင်ဘဲ တစ်အုပ်တည်းနဲ့ ပြီးတဲ့ ဇာတ်လမ်းကောင်း ရှာနေသူတွေအတွက် Black Paradox ဟာ တစ်ညတည်းနဲ့ ဖတ်ပြီးသွားမယ့်၊ ဒါပေမယ့် ရက်အတော်ကြာ ခေါင်းထဲက မထွက်မယ့် စာအုပ်ပါ။ Ito ကို အခုမှ စဖတ်မယ့်သူအတွက်လည်း ဝင်ပေါက်ကောင်းတစ်ခု ဖြစ်ပါတယ်။

Manga · Sci-Fi Horror
Black Paradox
18,500 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!