ပုံမှန် shonen manga တွေနဲ့ လုံးဝ မတူတဲ့ တစ်ခုခု ရှာနေတယ်ဆိုရင် Tatsuki Fujimoto ရဲ့ Chainsaw Man က အဖြေပါ။ ရိုင်းစိုင်းကြမ်းတမ်းပြီး မမျှော်လင့်နိုင်တဲ့ ဇာတ်လမ်း လမ်းကြောင်းကြောင့် ကမ္ဘာတစ်ဝန်း လူငယ်တွေကြားမှာ အ viral ဖြစ်ခဲ့တဲ့ manga ပါ။

ဇာတ်လိုက် Denji ဟာ အကြွေးတွေနဲ့ နစ်မွန်းနေတဲ့ ဆင်းရဲသား လူငယ် တစ်ဦးပါ။ သူ့ရဲ့ chainsaw နတ်ဆိုး Pochita နဲ့ ပေါင်းစည်းပြီးနောက်၊ နတ်ဆိုးတွေကို ဖျက်ဆီးနိုင်တဲ့ “Chainsaw Man” ဖြစ်လာတယ်။ ဒါပေမယ့် Denji ရဲ့ အိပ်မက်တွေက ရိုးရှင်းလွန်းလို့ — ဝစွာ စားရဖို့၊ အိပ်ရေးဝဝ အိပ်ရဖို့ ဆိုတာမျိုးတွေ ဖြစ်နေတာက ဖတ်ရှုသူကို တစ်မျိုး ခံစားစေပါတယ်။
ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ ရက်စက် ကြမ်းတမ်းမှုနဲ့ ဟာသ၊ ဝမ်းနည်းမှုနဲ့ စိတ်လှုပ်ရှားမှု တို့ကို မမျှော်လင့်နိုင်အောင် ရောစပ် တင်ဆက်ထားတာပါ။ ဇာတ်လမ်းက ဘယ်ဆီ ဦးတည်နေမှန်း ခန့်မှန်းလို့ မရတဲ့အတွက် စာဖတ်သူကို စာမျက်နှာတိုင်း တုန်လှုပ်စေနိုင်ပါတယ်။ ပန်းချီ စတိုင်ကလည်း ထူးခြားပြီး အားကောင်းပါတယ်။

ထူးခြားဆန်းသစ်ပြီး မမျှော်လင့်နိုင်တဲ့ manga မျိုးကို ကြိုက်နှစ်သက်သူ၊ အန်နီမေး ဝါသနာရှင်၊ ဒါမှမဟုတ် ဒီ viral စီးရီးကို စုဆောင်းချင်သူတွေအတွက် ဒီ Volume 1 က အကောင်းဆုံး အစ ဖြစ်ပါတယ်။ တစ်ခါ ဖတ်ပြီးရင် ဆက်ဖို့ မနေနိုင်လောက်အောင် စွဲမက်စေတဲ့ စာအုပ်မျိုးပါ။
☎ 09759788734 / 09698706533 · 🕑 နေ့စဉ် 9:00 AM – 7:00 PM