Dolly Alderton ရဲ့ ဒီစာအုပ်ဟာ memoir တစ်အုပ်ပါ — သူ့ရဲ့ ဆယ်ကျော်သက်နဲ့ နှစ်ဆယ်ကျော်အရွယ် နှစ်တွေထဲက ရူးသွပ်တဲ့ ပါတီညတွေ၊ မှားခဲ့တဲ့ ချစ်သူတွေ၊ ရှက်စရာကောင်းလောက်အောင် ရိုးသားတဲ့ အမှားတွေကို ဖွင့်ဟထားတာပါ။ ဒါပေမယ့် စာအုပ်တစ်အုပ်လုံး ဖတ်ပြီးချိန်မှာ ကျန်ခဲ့တာက ချစ်သူတွေရဲ့ နာမည်တွေ မဟုတ်ဘဲ သူငယ်ချင်း Farly ရဲ့ နာမည်ပါ။

ဒါက ဒီစာအုပ်ရဲ့ တကယ့် အကြောင်းအရာပါ — ချစ်သူတွေ လာကြသွားကြပေမယ့် မိန်းကလေးချင်း သူငယ်ချင်းဖွဲ့မှုကတော့ ဘဝရဲ့ ကျောရိုးအဖြစ် ကျန်နေတယ်ဆိုတာပါ။ အဲဒီရိုးသားတဲ့ အသိကြောင့်ပဲ ဒီစာအုပ်ဟာ ကမ္ဘာအနှံ့ မိန်းကလေးတွေကြားမှာ လက်ဆင့်ကမ်း ဖတ်နေကြတဲ့ စာအုပ် ဖြစ်လာခဲ့ပါတယ်။
Alderton ရဲ့ ရေးဟန်က ရယ်စရာအရမ်းကောင်းပါတယ် — စာမျက်နှာတချို့မှာ အသံထွက်ရယ်မိပြီး၊ နောက်တစ်မျက်နှာမှာ မျက်ရည်ဝဲရတဲ့ အပြောင်းအလဲက သူ့ signature ပါ။ စာအုပ်ကြားထဲက recipe တွေ၊ list တွေ၊ email တုတွေက ဖတ်ရတာ ပိုပျော်စရာ ဖြစ်စေပါတယ်။

အသက် နှစ်ဆယ်ကျော်ထဲ ရောက်နေသူတွေ ဖတ်ရင် ကိုယ့်ဘဝနဲ့ တိုက်ကြည့်ရင်း သက်ပြင်းချရမှာဖြစ်ပြီး၊ ကျော်လာပြီးသူတွေ ဖတ်ရင် လွမ်းရပါလိမ့်မယ်။
BBC drama series လည်း ရိုက်ပြီးသား စာအုပ်ပါ။ Bridget Jones တို့ Sex and the City တို့ကို ချစ်ခဲ့ဖူးရင် ဒီစာအုပ်က သင့်အတွက်ပါ။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀