Twisted Games — Ana Huang

Bridget ဟာ ပုံမှန်ဘဝကို တမ်းတနေတဲ့ မင်းသမီးတစ်ပါးပါ။ Rhys ကတော့ စကားနည်းပြီး စည်းကမ်းတင်းကျပ်တဲ့ သူမရဲ့ ကိုယ်ရံတော်အသစ်ပါ။ နှစ်ယောက်ကြားက စကားများတာကနေ စတဲ့ ဆက်ဆံရေးဟာ တစ်ဖြည်းဖြည်း တခြားတစ်ခုခု ဖြစ်လာပေမယ့်၊ ရာထူးအရရော နန်းတွင်းစည်းမျဉ်းအရရော ဒါဟာ ဘယ်လိုမှ ဖြစ်လို့မရတဲ့ အချစ်ပါ။ ထီးနန်းက ရွေးခိုင်းလာတဲ့အခါ Bridget မှာ ဘာစွန့်ရမလဲဆိုတဲ့ မေးခွန်းက ဇာတ်လမ်းရဲ့ အချက်အခြာပါ။

Twisted Games (Twisted, 2) by Ana Huang
Twisted Games (Twisted, 2) by Ana Huang — Ana Huang

ဒါက BookTok မှာ နှစ်နဲ့ချီ မကျသေးတဲ့ Ana Huang ရဲ့ Twisted စီးရီးက ဒုတိယအုပ်ပါ။ ပထမအုပ် Twisted Love ကို ဖတ်ပြီးသူတွေအတွက် ဒီအုပ်က Bridget ရဲ့ ဇာတ်လမ်းသီးသန့်မို့ ရှေ့အုပ်မဖတ်ဘဲလည်း စဖတ်လို့ရပါတယ် — စီးရီးရဲ့ အုပ်တိုင်းက စုံတွဲတစ်တွဲစီရဲ့ သီးခြားဇာတ်လမ်းတွေပါ။

Bodyguard romance ဆိုတာ ဖန်တစ်ရာတေ trope ဖြစ်ပေမယ့် Ana Huang က slow burn ကို စိတ်ရှည်ရှည် တည်ဆောက်တတ်လို့ ပရိသတ်တွေ ဆက်ဖတ်နေကြတာပါ။ Forbidden romance ကြိုက်သူတွေအတွက်တော့ ဒီအုပ်ဟာ စီးရီးထဲမှာ အကောင်းဆုံးလို့ ပြောသူများပါတယ်။

Twisted Games — Ana Huang

သတိပေးချက်အနေနဲ့ — ဒါဟာ လူကြီးဖတ် romance ဖြစ်လို့ အရွယ်ရောက်ပြီးသူတွေအတွက်သာ သင့်တော်ပါတယ်။

ဆိုင်မှာ Twisted Love နဲ့ Twisted Hate တို့လည်း ရှိပါတယ် — စီးရီးလိုက် စုဖတ်ချင်သူတွေအတွက် အသင့်ပါ။

Novel · Romance (Twisted #2)
Twisted Games — Ana Huang
24,000 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!