Gothic horror ရဲ့ မိခင်ကြီး Mary Shelley နဲ့ ဂျပန် horror ရဲ့ ဘုရင် Junji Ito — နှစ်ရာစုနှစ်ခု ကွာဝေးတဲ့ ဖန်တီးရှင်နှစ်ယောက် ဆုံတွေ့ကြတဲ့ စာအုပ်ပါ။ Ito ရဲ့ Frankenstein ပြန်လည်ဖန်တီးမှုဟာ ၂၀၁၉ ခုနှစ်မှာ comics လောကရဲ့ အမြင့်ဆုံးဆုတစ်ခုဖြစ်တဲ့ Eisner Award (Best Adaptation from Another Medium) ကို ရရှိခဲ့ပြီး၊ ဂန္ထဝင်စာပေကို manga အဖြစ်ပြောင်းတဲ့ လက်ရာတွေထဲမှာ စံပြအဖြစ် ရပ်တည်နေပါတယ်။

ဇာတ်လမ်းကတော့ မူရင်းဝတ္ထုအတိုင်းပါပဲ — သိပ္ပံပညာနဲ့ အသက်ကို ဖန်တီးချင်တဲ့ လူငယ်ပညာရှင် Victor Frankenstein ဟာ လူသေကောင်အစိတ်အပိုင်းတွေကနေ သတ္တဝါတစ်ကောင်ကို အသက်သွင်းလိုက်မိပါတယ်။ ဒါပေမဲ့ ကိုယ်ဖန်တီးလိုက်တဲ့ အရာကို ကြောက်ပြီး စွန့်ပစ်လိုက်တဲ့အခါ၊ အထီးကျန်မှုနဲ့ ငြင်းပယ်ခံရမှုတွေက အဲဒီသတ္တဝါကို လက်စားချေမှုဆီ တွန်းပို့လိုက်ပါတယ်။ စာအုပ်ရဲ့ နောက်ပိုင်းမှာ Ito ရဲ့ ကိုယ်ပိုင်ဇာတ်ကောင် Oshikiri — အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေတဲ့ ကျောင်းသားလေးရဲ့ ထူးဆန်းတဲ့ ဇာတ်လမ်းတွေလည်း ပါဝင်ပါသေးတယ်။
Ito ရဲ့ လက်ရာမှာ Frankenstein ရဲ့ သတ္တဝါကြီးဟာ ရုပ်ရှင်တွေထဲကလို ခပ်တုံးတုံး ဘီလူးမဟုတ်ဘဲ၊ မူရင်းဝတ္ထုထဲကအတိုင်း စကားပြောတတ်၊ ခံစားတတ်၊ နာကျင်တတ်တဲ့ ဝိညာဉ်တစ်ခုအဖြစ် ပေါ်လွင်နေပါတယ်။ Ito ရဲ့ အသေးစိတ်မျဉ်းကြောင်းတွေက သတ္တဝါကြီးရဲ့ ကြောက်စရာရုပ်သွင်ရော၊ မျက်လုံးထဲက ဝမ်းနည်းမှုကိုပါ တစ်ပြိုင်နက် ဖော်ပြနိုင်ပါတယ်။ ဒါဟာ ဆုရသင့်တဲ့ လက်ရာဆိုတာ ဖတ်ကြည့်ရင် သဘောပေါက်မှာပါ။

မူရင်း Frankenstein ဝတ္ထုကို ဖတ်ဖို့ ဝန်လေးနေသူတွေအတွက် ဒီ manga ကနေစပြီး ဂန္ထဝင်လောကထဲ ဝင်လို့ရပါတယ်။ Ito ပရိသတ်တွေအတွက်လည်း သူ့ရဲ့ မတူညီတဲ့ ရှုထောင့်တစ်ခုကို တွေ့ရမှာပါ။ စာပေနဲ့ manga နှစ်ခုလုံးချစ်တဲ့ စာဖတ်သူတွေအတွက်တော့ ဒီစာအုပ်ဟာ ပျော်စရာတစ်ခုပါပဲ။
📖 Frankenstein: Junji Ito Story Collection — Junji Ito
ဈေးနှုန်း — 31,500 Ks
Junction Square (2nd Floor) ☎ 09 759 788 734 · Junction City (4th Floor) ☎ 09 698 706 533 ဆိုင်ခွဲများမှာလည်း ဝယ်ယူနိုင်ပါတယ်။