Jenna Chen ဟာ ဘယ်လောက်ကြိုးစားကြိုးစား သူ့ဝမ်းကွဲ Jessica Chen ရဲ့ အရိပ်ထဲကနေ မထွက်နိုင်ပါဘူး။ Jessica က ကျောင်းရဲ့ ထိပ်ဆုံး၊ မိဘတွေရဲ့ ဂုဏ်ယူစရာ၊ Harvard လက်မှတ်ရပြီးသား perfect မိန်းကလေးပါ။ တစ်ညမှာ Jenna က စိတ်ထဲကနေ ဆုတောင်းမိပါတယ် — Jessica သာ ဖြစ်ချင်လိုက်တာ။ နောက်နေ့မနက် နိုးလာတော့ သူဟာ Jessica ရဲ့ ခန္ဓာထဲမှာပါ။ ဒါပေမယ့် တစ်ခြားသူရဲ့ ဘဝဆိုတာ အပြင်ကမြင်ရသလို မဟုတ်ဘူးဆိုတာ သိလာဖို့ အချိန်သိပ်မကြာပါဘူး။

Ann Liang ဟာ လက်ရှိ YA လောကမှာ အတက်ကြွဆုံး အာရှ-သြစတြေးလျ စာရေးဆရာတစ်ယောက်ဖြစ်ပြီး၊ သူ့စာအုပ်တွေက BookTok မှာ ပုံမှန် ပေါ်နေပါတယ်။ ဒီအုပ်ကလည်း ထွက်ကတည်းက bestseller စာရင်းတွေ တက်ခဲ့ပါတယ်။
ဒီဇာတ်လမ်းက body-swap fantasy ပုံစံနဲ့ လာပေမယ့် တကယ်ပြောနေတာက အာရှမိသားစုတွေထဲက ပညာရေးဖိအား၊ ကိုယ့်တန်ဖိုးကို အောင်မြင်မှုနဲ့ တိုင်းတတ်တဲ့ အကျင့်အကြောင်းပါ။ မြန်မာကျောင်းသားတွေ ဖတ်ရင် ရင်ထဲစူးမယ့် အခန်းတွေ အများကြီးပါပါတယ်။

Ann Liang ရဲ့ ရေးဟန်က ဖတ်လို့လွယ်ပြီး ဟာသလည်း ပါပါတယ် — လေးနက်တဲ့ အကြောင်းအရာကို ပေါ့ပါးတဲ့ အသံနဲ့ ပြောတတ်တာ သူ့အားသာချက်ပါ။
ကိုယ့်ကိုယ်ကို တစ်ခြားသူနဲ့ နှိုင်းယှဉ်ပြီး ပင်ပန်းနေဖူးသူတိုင်း — ကျောင်းသားရော လူကြီးပါ — ဒီစာအုပ်ထဲမှာ ကိုယ့်အကြောင်း တွေ့ပါလိမ့်မယ်။
Junction City စတုတ္ထထပ် · 09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀