Start with Why — Simon Sinek

ဘာကြောင့် တချို့ကုမ္ပဏီတွေနဲ့ ခေါင်းဆောင်တွေက လူတွေရဲ့ သစ္စာခံမှုကို ရပြီး တချို့ကျတော့ ဘယ်လောက်ကြော်ငြာကြော်ငြာ မရတာလဲ။ Simon Sinek ရဲ့ အဖြေက Golden Circle ဆိုတဲ့ စက်ဝိုင်းသုံးထပ်ပါ — What (ဘာလုပ်လဲ)၊ How (ဘယ်လိုလုပ်လဲ)၊ Why (ဘာကြောင့်လုပ်လဲ)။ အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းက အပြင်ကနေ အထဲကို မဟုတ်ဘဲ Why ကနေ စပြီး အပြင်ကို ဆက်သွယ်ကြတယ်လို့ သူက ဆိုပါတယ်။

Start with Why: How Great Leaders Inspire Everyone to Take Action
Start with Why: How Great Leaders Inspire Everyone to Take Action — Simon Sinek

ဒီစာအုပ်ဟာ သမိုင်းမှာ အကြည့်အများဆုံး TED talk တွေထဲက တစ်ခုကနေ ပေါက်ဖွားလာခဲ့တာပါ။ ထွက်တာ ဆယ့်ငါးနှစ်ကျော်ပြီဖြစ်ပေမယ့် business စာအုပ်စင်တိုင်းမှာ ရှိနေဆဲဖြစ်ပြီး၊ startup လုပ်မယ့်သူတိုင်း အရင်ဖတ်ခိုင်းခံရတဲ့ စာအုပ်စာရင်းထဲမှာ ပါပါတယ်။

စာအုပ်ထဲက ဥပမာတွေက မှတ်မိလွယ်ပါတယ် — Apple က ဘာကြောင့် ကွန်ပျူတာကုမ္ပဏီသက်သက် မဟုတ်လဲ၊ Wright ညီအစ်ကိုတွေက ပိုက်ဆံပိုများတဲ့ ပြိုင်ဘက်တွေကို ဘာကြောင့် နိုင်သွားလဲ စတာတွေကို Golden Circle နဲ့ ရှင်းပြထားပါတယ်။

Start with Why — Simon Sinek

ဒါက business စာအုပ်ဆိုပေမယ့် ကိုယ်ပိုင်ဘဝမှာလည်း သုံးလို့ရပါတယ် — ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ Why ကို ရှာမတွေ့သေးသူတိုင်းအတွက် စဉ်းစားစရာတွေ အများကြီး ပေးပါလိမ့်မယ်။

ဆိုင်လုပ်ငန်းရှင်တွေ၊ အဖွဲ့ခေါင်းဆောင်တွေ၊ ပြီးတော့ ကိုယ့် career လမ်းကြောင်း ပြန်စဉ်းစားနေသူတွေ — ဒီသုံးမျိုးလုံးအတွက် ကိုက်တဲ့ စာအုပ်ပါ။

Non-fiction · Business
Start with Why — Simon Sinek
18,500 Ks
Junction Square ဒုတိယထပ်  ·  09 759 788 734
Junction City စတုတ္ထထပ်  ·  09 698 706 533
နေ့စဉ် နံနက် ၉:၀၀ – ည ၇:၀၀

Leave a Comment

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

error: Content is protected !!